Connect with us

Hi, what are you looking for?

သတင်း

ပဒူရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀၀ကျော် မီးလောင်

တိုက်ပွဲများကြောင့် ပဒူရွာအနီးရှိ ကျေးရွာ (၈)ရွာထက်မနည်း တိမ်းရှောင်နေရပြီး မတော်တဆမှုများကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

(ပဒူရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးလာကြစဉ်နှင့် မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - ဓာတ်ပုံ-96 Soliders)
(ပဒူရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးလာကြစဉ်နှင့် မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - ဓာတ်ပုံ-96 Soliders)

စစ်ကိုင်းမြို့နယ်ရှိ ပဒူကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၂၂ ရက်) နေ့လည်က ပဒူရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ပဒူရွာ ရပ်ကွက် လေးခုရှိ နေအိမ် ၅၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းလူမှုကူညီရေးလုပ်ကိုင်နေသူများက ပြောသည်။

ထို့အပြင် ပဒူရွာသို့ စစ်သားနှင့်ပျူစောထီးများက မီးလောင်မှုမရှိသည့် နေအိမ်များရှိ အဖိုးတန်ပစွည်းများယူဆောင်သွားကြောင်း၊ ညနေ ၄နာရီခန့်တွင် ပဒူရဲစခန်းမှ လက်နတ်ကြီးသုံးချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တအုန်းအုန်းနဲ့ ပစ်နေတာ။ အတော်ဝေးဝေးကကို ကြားရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့လည်း ပဒူတိုက်နယ်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး ‌စစ်ကောင်စီက ရဟက်ယာဉ်ဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ခတ်ခဲ့၍ PDFများ ပြန်လည်ဆုတ်ခွာခဲ့သည်။

တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်မှုများရှိပြီး ပဒူရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ပဒူရွာအနီးရှိ ကျေးရွာ (၈)ရွာထက်မနည်း တိမ်းရှောင်နေရပြီး မတော်တဆမှုများကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။