Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံအကျဥ်းထောင်မှ နိုင်ကျဥ်း ၄ ဦးကို စစ်​ကောင်စီကထပ်မံခေါ်ထုတ်သွား

မေလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့များက မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇ ဦးအား ခေါ်ထုတ်သွားပြီးနောက် ကိုဥက္ကာဆိုသူ ကျဆုံးခဲ့သည်။

(မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ် ။ဓာတ်ပုံ-CJ)
(မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ် ။ဓာတ်ပုံ-CJ)

​မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၄ ဦးကိုစစ်​ကောင်စီက ထပ်မံခေါ်ထုတ်သွားကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

မေလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့များက မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇ ဦးအား ခေါ်ထုတ်သွားပြီးနောက် ကိုဥက္ကာဆိုသူ ကျဆုံးခဲ့သည်။

ထို့နောက် ယမန်နေ့ (မေလ ၂၃ ရက်နေ့)တွင် မြင်းခြံအကျဥ်းထောင်ရှိ မန္တလေးမှ ကိုမင်းရဲထွေး(ခ)ကိုမင်းသွေးနှင့် ကိုကျော်စိုးတင့်၊ မြင်းခြံမှ ကိုဇော်လှိုင်းနှင့် ကိုစိုးရာဇာတို့ကို​ပါ ထပ်မံခေါ်ထုတ်သွားကြောင်း မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့်က ပြောကြားသည်။

“ထောင်ပိုင်ရုံးခန်းထဲမှာပဲ စစ်ဆေးနေတယ်လို့သိရတယ်။ ကိုဥက္ကာရဲ့ရုပ်အလောင်းကို ထုတ်သွားတာတော့ မတွေ့ရသေးဘူးလို့ကြားတယ်။ ထောင်ဝင်စာပို့တာတွေ စစ်ဆေးတာတွေ အရမ်းကြမ်းနေတယ်လို့ သိရတယ်။ အဝင်အထွက်တွေကိုလည်း အရမ်းစစ်နေပြီး ရှေ့နေတွေနဲ့တွေ့ခွင့်မပေးဘူးလို့ ကြားထားတယ်။”ဟု ကိုရှင်းသန့်က ​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယခင်ခေါ်ထုတ်သွားသူများမှာ တောင်သာမြို့နယ်မှ ကိုကျော်မင်းနိုင်နှင့် ကိုသက်မောင်မောင်၊မန္တလေးမှ ကိုကျော်မျိုးတင့်နှင့် ကိုဇော်ဇော်အောင်၊ မုံရွာမှ ကိုဥက္ကာ၊ ကိုကျော်ဇင်ဦးနှင့် ကိုအောင်မျိုးသန့်တို့ဖြစ်ပြီး ကိုဥက္ကာမှာ ရိုက်နှက်စစ်ဆေးခံရကာ ကျဆုံးသွားသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

မြင်းခြံထောင်အတွင်းမှ ခေါ်ထုတ်သွားသူများအနက် ကိုကျော်ဇင်ဦး(မြင်းခြံ)ကို မေလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ထောင်တွင်းသို့ ပြန်လာပို့သွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ထိုသို့ခေါ်ဆောင်မှုများအား နိုင်ငံရေးအကျဉ်းသားများက အိပ်ဆောင်မှူးနှင့် ထောင်ပိုင်အား မေးမြန်းခဲ့သော်လည်း အကြောင်းပြန်မှုမရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မြင်းခြံထောင်တွင်းသတင်းများအား ဆက်လက်စောင့်ကြည့်ပေးပြီး လိုအပ်သည်များဝန်းရံပေးရန် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတောင်းဆိုထားသည်။

ထိုဖြစ်စဥ် ဖြစ်ပွားပြီးနောက် မြင်းခြံထောင်အတွင်းတွင် အိပ်ဆောင်များအား တန်းဖွင့်ပေးထားခြင်းမရှိဘဲ အကျဉ်းသားများကို အဆောင်ထဲတွင် သော့ခတ်ပိတ်ထားကာ စစ်သားနှင့် ရဲများလည်း အုတ်ရိုးအတွင်းတွင် တပ်စွဲခဲ့သည်။

မြင်းခြံအကျဥ်းထောင်သို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူနယ်များမှ နိုင်ငံရေးအကျဥ်းသားများအား ယမန်နှစ်အတွင်းက ပြောင်းရွှေ့ချထားခဲ့ပြီး အကြမ်းဖက် ဖိနှိပ်ရိုက်နှက်ခြင်း၊ သံခြေကျင်းမဖြုတ် ပေးဘဲ အလုပ်ကြမ်းများ အဓမ္မခိုင်းခြင်း ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook