Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဒေသခံများ၏နေအိမ် ၃၀ကျော်မီးရှို့ဖျက်ဆီး

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်ခဲယမ်းအချို့နှင့်ဆက်သွယ်ရေးပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း စက်တင်ဘာ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ နေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာ တိုက်ပွဲများအတွင်းအကြမ်း ဖက်စစ်ကောင်စီတပ်များမှ ပြည်သူ့ အိုးအိမ်များကို ဖောက်ထွင်းဖျက်စီးခဲ့ပြီး နေအိမ်များပေါင်း ၃၀ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်ခဲယမ်းအချို့နှင့်ဆက်သွယ်ရေးပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီတပ်မတော်(KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းအဖွဲ့တို့သည် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုအများအပြားရှိသကဲ့သို့ ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့ကျဆုံး ဒဏ်ရာရမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။