Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဒေသခံများ၏နေအိမ် ၃၀ကျော်မီးရှို့ဖျက်ဆီး

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်ခဲယမ်းအချို့နှင့်ဆက်သွယ်ရေးပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း စက်တင်ဘာ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ နေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာ တိုက်ပွဲများအတွင်းအကြမ်း ဖက်စစ်ကောင်စီတပ်များမှ ပြည်သူ့ အိုးအိမ်များကို ဖောက်ထွင်းဖျက်စီးခဲ့ပြီး နေအိမ်များပေါင်း ၃၀ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်ခဲယမ်းအချို့နှင့်ဆက်သွယ်ရေးပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီတပ်မတော်(KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းအဖွဲ့တို့သည် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုအများအပြားရှိသကဲ့သို့ ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့ကျဆုံး ဒဏ်ရာရမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။