Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖုန်းပြန်ဆယ်ဖို့ ဆည်ထဲက ရေတွေ ဖောက်ချခိုင်းတဲ့ အိန္ဒိယ အရာရှိ ရာထူးက ဆိုင်းငံ့ခံရ

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရေရှားပါးမှု ပြဿနာ အဆိုးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယမှာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်း နေထိုင်ပေမယ့် ကမ္ဘာ့ရေအရင်းအမြစ်ရဲ့ ၄ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ပါတယ်။

ဖုန်းပြန်ဆယ်ဖို့ ဆည်ထဲက ရေတွေ ဖောက်ချခိုင်းတဲ့ အိန္ဒိယ အရာရှိ ရာထူးက ဆိုင်းငံ့ခံရ
ဖုန်းပြန်ဆယ်ဖို့ ဆည်ထဲက ရေတွေ ဖောက်ချခိုင်းတဲ့ အိန္ဒိယ အရာရှိ ရာထူးက ဆိုင်းငံ့ခံရ

ဖုန်းကို ပြန်ဆယ်ဖို့အတွက် ဆည်ထဲက ရေတွေကို ဖောက်ချခိုင်းခဲ့တဲ့ အိန္ဒိယ အစိုးရ အရာရှိ တစ်ဦးဟာ ရာထူးကနေ အနားပေး ဆိုင်းငံ့ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံ အလယ်ပိုင်းက ချာတစ္စဂါ ပြည်နယ်မှာရှိတဲ့ ခါကတ္တား ဆည်ကြီးဟာ သုံးရက်တာ အတောအတွင်း လီတာ သန်းနဲ့ချီ များပြားတဲ့ ရေတွေကို ဖောက်ချပစ်ခဲ့ပါတယ်။ အကြောင်းကတော့ ပြည်နယ် အစိုးရရဲ့ အစားအသောက်စံနှုန်း စိစစ်ရေး အရာရှိ ရာဂျက်ရှ် ဗစ်ရှ်ဝက်စ်က ရေထဲကျသွားတဲ့ သူ့ဖုန်းကို ပြန်ရှာချင်တာကြောင့် ဖြစ်ပါတယ်။

ဗစ်ရှ်ဝက်စ်က သူ့ရဲ့ Samsung ဖုန်းထဲမှာ အရေးကြီးတဲ့ အစိုးရပိုင်းဆိုင်ရာ အချက်အလက်တွေ ပါရှိနေတယ်လို့ ပြောပါတယ်။ သူက ဆည်ရဲ့ စီမံအုပ်ချုပ်ရေး တာဝန်ခံတွေဆီ ဆက်သွယ်ပြီး ရေသွယ်မြောင်း တစ်ခုထဲက ရေတချို့ကို ဖောက်ထုတ်ခွင့် ပေးဖို့ ခွင့်တောင်းခဲ့ကြောင်း သိရပါတယ်။

သူဖောက်ချစေခဲ့တဲ့ ရေပမာဏဟာ လီတာ ၂ သန်းကျော် ရှိပါတယ်။ ဒါဟာ ဧကပေါင်း ၁၅၀၀ ကျယ်ဝန်းတဲ့ စိုက်ပျိုးမြေတွေကို ရေသွင်းဖို့ လုံလောက်တဲ့ အတိုင်းအတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရေငုပ်သမားတွေကို ငှားရမ်းခဲ့တဲ့အပြင် ဆည်ထဲက ရေတွေကို စုပ်ထုတ်ဖို့ ဒီဇယ် ရေစုပ်စက်ကြီး နှစ်လုံးကိုပါ အသုံးပြုခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာ ဖုန်းကို ပြန်ဆယ်ယူ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းထဲမှာ ရေတွေ ဝင်နေပြီး သုံးလို့ မရတော့ဘူးလို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတွေဆီက ကျယ်ကျယ်လောင်လောင် ဝေဖန်သံတွေ ထွက်ပေါ်လာတဲ့နောက် ပြည်နယ် အစိုးရက ဗစ်ရှ်ဝက်စ်ကို ရာထူးတာဝန်ကနေ ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ ပြီးတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရေရှားပါးမှု ပြဿနာ အဆိုးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယမှာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်း နေထိုင်ပေမယ့် ကမ္ဘာ့ရေအရင်းအမြစ်ရဲ့ ၄ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကြောင့် မိုးခေါင်ရေရှားမှုတွေ ပိုအဖြစ်များလာပြီး အိန္ဒိယရဲ့ ရေအရင်းအမြစ် မလုံလောက်မှု ပြဿနာတွေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။ အခုနှစ် မတ်လဟာ ၁၂၂ နှစ်အတွင်း အိန္ဒိယရဲ့ အပူဆုံးကာလအဖြစ် စံချိန်သစ် တင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။