Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးနှင့် ခင်ဦးနယ်ရှိ ကျေးရွာသုံးရွာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာများအား အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့သည်။ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ပြီးခဲ့သည့် မတ်လအထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)
(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)

စစ်ကိုင်းတိုင်း၊ ချောင်းဦးနှင့် ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မေလ ၃၀ ရက်မှ ဇွန်လ ၁ရက်အထိ သုံးရက်ဆက် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ထို့နောက် ချောင်းဦး – အမြင့်ကားလမ်းဘေး ရှမ်းထူးကျေးရွာရှိနေအိမ် ၄၇လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့မှုများဖြစ်ခဲ့ပြီး အကြိမ်ကြိမ် မိုင်းထိခဲ့ကြောင်း၊ ‌မိုင်းထိသော စစ်သားအရေအတွက် အတည်မပြုနိုင်သေးသော်လည်း ကားများဖြင့် ပြန်လည်ခေါ်ဆောင်သွားရသည်ဟု ဆိုသည်။

(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)
(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)

“ကြွက်မနိုင်တော့ ကျီမီးနဲ့ရှို့ဆိုတဲ့ စကားပုံအတိုင်းပဲ။ နှစ်ရက်လောက် တော်တော်အထိနာတော့သွေးရူး သွေးတန်းနဲ့ ရှမ်းထူးရွာရဲ့အရှေ့ဖျားက အိမ်တွေကို မီးရှို့သွားတာ။”ဟု Chaung U Revolutionအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ခင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်သည် ယမန်နေ့(ဇွန်လ ၁ ရက်)က ရွာသစ်ကျေးရွာအား မီးရှို့ပြီးနောက် ယနေ့(ဇွန်လ ၂ ရက်)တွင် ကျီးအိုင်ကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ​ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်ရှိနေဆဲဖြစ်၍ မီးလောင်ပျက်စီးသည့်အရေအတွက် မသိရသေးဘဲ ဒေသခံပြည်သူ ၄,၀၀၀ကျော် ထွက်ပြေးတိမ်းရှာင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)
(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာများအား အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့သည်။ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ပြီးခဲ့သည့် မတ်လအထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံးဖြင့် အများဆုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook