Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းနယ်တွင် ပျူစောထီးမလုပ်မနေရစေခိုင်းသည့်ရွာအား ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

ကျေးရွာအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ပျူ သုံးဦး ထိခိုက်ဒဏ်ရာရပြီးထွက်ပြေးသွားခဲ့ကြောင်း ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။ ထို့အပြင် ကင်းကုန်းတွင် ကျန်နေသော ပျူ သုံးဦးအား ဖမ်းဆီးမိခဲ့ပြီး ဆိုင်ကယ်(၅)စီး သိမ်းဆည်းရခဲ့ကြောင်း ၎င်းက ပြောသည်။

(သိမ်းဆည်းရမိခဲ့သော လက်နယ်ခဲယမ်းအချို့နှင့် ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဗိုလ်လင်းယုန်)
(သိမ်းဆည်းရမိခဲ့သော လက်နယ်ခဲယမ်းအချို့နှင့် ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဗိုလ်လင်းယုန်)

▪️ပျူသုံးဦးအား ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း‌၊ သပိတ်ကျင်းမြို့နယ်တွင် ရွာသားများအား ပျူစောထီးမ​လုပ်မနေရ စေခိုင်းနေသည့် ပုဏ္ဏားကြီး(ပျူ)ကျေးရွာအား ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့ပြီး ပျူသုံးဦးအား ဖမ်းဆီးမိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်(ပကဖ)၊ ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁ရက်)က ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီး(ပျူစောထီး)ရွာအား ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်ခဲ့သည်။

အဆိုပါ ကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးတစ်လုံးကြဲချတိုက်ခိုက်ပြီး မြေပြင်မှ တပ်ဖွဲ့ နှစ်ဖွဲ့ခွဲ၍ ရွာအတွင်း ဝင်ရောက်ခဲ့ခြင်းဟု ဆိုသည်။

ကျေးရွာအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ပျူ သုံးဦး ထိခိုက်ဒဏ်ရာရပြီးထွက်ပြေးသွားခဲ့ကြောင်း ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။ ထို့အပြင် ကင်းကုန်းတွင် ကျန်နေသော ပျူ သုံးဦးအား ဖမ်းဆီးမိခဲ့ပြီး ဆိုင်ကယ်(၅)စီး သိမ်းဆည်းရခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မီးရှို့တာတွေ မလုပ်ခဲ့ပါဘူး။ ဖမ်းဆီးလာတဲ့ သုံးယောက်ကိုတော့ စစ်ဆေးနေပါတယ်။ အဲရွာကပျူတွေက မြစ်ဘေးမှာ သစ်ဖောင်၊ ဝါးဖောင်တွေကို ပိုက်ဆံတောင်းတယ်။ အေးချမ်းစွာနေချင်တဲ့ ရွာသားတွေကိုလည်း ပျူစောထီးမလုပ်မနေရဆိုပြီး ဖိအားပေးခိုင်းစေတာတွေရှိပါတယ်။”ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ရာ ပျူစာရင်းစာအုပ်၊ တူမီး(၂)လက်၊ တူမီး ယမ်းဆက်စပ်ပစ္စည်းများ၊ လက်လုပ်တစ်တောင့်ထိုး (၂)လက်၊7.62ကျည်၊ ကျည်ဘောက်၊ (၁၂၀)မမ ပို့ယမ်း၊ ဓားနှစ်လက် အစရှိသည့်ပစ္စည်းများသိမ်း ဆည်းရရှိခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အဖွဲ့များက အသိပေးသည်။

ပုဏ္ဏားကြီးရွာအနေဖြင့် ပျူရွာအဖြစ် ဆက်လက်လုပ်ဆောင်နေပါက နောက်တစ်ကြိမ်တွင် ယခုထပ်ပို၍ ရှင်းလင်းခြင်းများ လုပ်ဆောင်သွားမည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့က သတိပေးသည်။

စစ်ဆင်ရေးအား ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ဇင်‌ယော် PDF တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့နှင့် Northern Tigers Group တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဗိုလ်လင်းယုန်တပ်ဖွဲ့သည် ပုဏ္ဏားကြီးရွာအား ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။