Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အောင်မြင်မယ်လို့ သမ္မတ ဇီလန်စကီးပြော

သမ္မတ ဇီလန်စကီးကတော့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်ပွဲရဲ့ လားရာမှာ ကြီးမားတဲ့ အပြောင်းအလဲ သက်ရောက်မှုတွေ ဖြစ်လာစေမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အောင်မြင်မယ်လို့ သမ္မတ ဇီလန်စကီးပြော
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အောင်မြင်မယ်လို့ သမ္မတ ဇီလန်စကီးပြော

တန်ပြန်ထိုးစစ် လက်တွေ့ စတင်ချိန်မှာ ရုရှားအပေါ် ထိထိရောက်ရောက် ထိုးနှက်ပြီး အောင်ပွဲတွေ ရရှိမယ်လို့ ယုံကြည်ထားကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းဟာ ရုရှားက ကျူးကျော် သိမ်းပိုက်ထားရာ နယ်မြေတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် တန်ပြန်ထိုးစစ် အစီအမံ တစ်ရပ်ကို ရေးဆွဲနေကြောင်း ကာလရှည်ကြာ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူကရိန်း အာဏာပိုင်တွေကလည်း တန်ပြန်ထိုးစစ် ဆင်နွှဲနိုင်ခြေကို အတည်ပြုထားပေမယ့် သတ်မှတ် အချိန်ကာလကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ဇီလန်စကီးကတော့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စပြီဆိုတာနဲ့ ရုရှားတပ်တွေအပေါ် အသာစီး ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း Wall Street Journalနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

တန်ပြန်ထိုးစစ်အတွက် အစီအစဉ်တွေ ရေးဆွဲဖို့ အချိန်ဘယ်လောက် ယူရမယ်ဆိုတာ သူမသိကြောင်း၊ ရိုးရိုးသားသား ပြောရရင် ဒီကိစ္စဟာ တိတိကျကျ သတ်မှတ်လို့ မရတဲ့ လမ်းကြောင်းတွေ ရှိနေကြောင်း၊ ဒါပေမဲ့ ယူကရိန်းဟာ တန်ပြန်ထိုးစစ်ကို အမှန်တကယ် အကောင်အထည် ဖော်မှာ ဖြစ်သလို အဲဒီအတွက်လည်း အဆင်သင့် ပြင်ဆင်ထားကြောင်း ဇီလန်စကီးက မှတ်ချက် ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ ပတ်သက်လို့ ထင်ကြေး ကောလာဟလတွေ ပိုမို အားကောင်းလာတဲ့ အချိန်မှာ ရုရှားကလည်း ယူကရိန်းနိုင်ငံ အနှံ့က မြို့ကြီးတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို အရှိန် မြှင့်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ၉၀ ရာခိုင်နှုန်းလောက်ထိ ကြားဖြတ် ဟန့်တားနိုင်စွမ်း ရှိနေကြောင်း ကြေညာထားပါတယ်။

ယူကရိန်းရဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလိုဒီမာ ဟက်ဗ်ရီလော့ဗ်က မေလအတွင်း ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းရဲ့ မြို့ပြ ဧရိယာတွေဟာ စစ်ပွဲ စတင်ခဲ့တဲ့ ကာလနောက်ပိုင်း မကြုံဖူးလောက်အောင် ဒုံးကျည် တိုက်ခိုက်မှုတွေ အများအပြားကို ရင်ဆိုင်ခဲ့ရကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

တစ်နည်းအားဖြင့် ရုရှားဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ဟန့်တားနိုင်ဖို့အတွက် စစ်ရေးအရ အချက်အခြာ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနိုင်တဲ့ နေရာတွေကို အသည်းအသန် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သမ္မတ ဇီလန်စကီးကတော့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်ပွဲရဲ့ လားရာမှာ ကြီးမားတဲ့ အပြောင်းအလဲ သက်ရောက်မှုတွေ ဖြစ်လာစေမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို အင်အား အလုံးအရင်းနဲ့ ကျူးကျော် တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာပဲ ယူကရိန်းရဲ့ ရွပ်ရွပ်ချွံချွံ ခုခံမှုတွေကြောင့် ကိယက်ထိ တက်ပြီး သိမ်းပိုက်မယ့် ရည်မှန်းချက်ကို ရုရှားစစ်တပ်က လက်လျှော့ခဲ့ရပါတယ်။ ဒါပေမဲ့ ယူကရိန်း နိုင်ငံရဲ့ ၅ ပုံ ၁ ပုံလောက် ဧရိယာတွေဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ကျရောက်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။