Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်ရှိ ကံသစ်ရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီး

ဇွန်လ ၁ရက်မှစ၍ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ဇွန်လ ၄ရက် ညနေပိုင်းက ကံသစ်ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️စစ်ရှောင်အဘွားအိုတစ်ဦး အမောဖောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးပြီး နေအိမ် ၆၅လုံးမီးလောင်ပြာကျကာ စစ်ရှောင်အဘွားအိုတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁ရက်မှစ၍ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ဇွန်လ ၄ရက် ညနေပိုင်းက ကံသစ်ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ကံသစ်ကျေးရွာကို လေးကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ဇွန်လတွင် နေအိမ် ၅၂လုံး၊ နိုဝင်ဘာတွင် ခုနစ်လုံး၊ ၂၀၂၃ မေလက နေအိမ် ၂၀၀ကျော်နှင့် ယခု လေကြိမ်မြောက်အဖြစ် ထပ်မံမီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဇွန်လ ၄ ရက် နံနက်ပိုင်းက မရမ်းအင်းကျေးရွာနေ အသက်(၆၆)နှစ်ရွယ် အဘွားအိုတစ်ဦး စစ်ရှောင်ရင်း အမောဖောက်သေဆုံးခဲ့ပြီး စစ်ရှောင်သည့် နေရာ၌ပင် သင်္ဂြိုလ်ခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အခုတော့ အဲစစ်ကြောင်းက ကန့်ဘလူနယ်နဲ့နီးတဲ့ မဒေါင်းလှပျူရွာက ပျူတွေနဲ့ပေါင်းပြီး ကန့်ဘလူဘက် စစ်ကြောင်းထိုးနေတယ်။ စစ်ရှောင် တွေကတော့ စားရေးသောက်ရေးတွေ နေစရာထိုင်စရာအခက်အခဲတွေ ရှိနေတယ်။”ဟု Khin U Special Force Organization အဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းချိန်မှစ၍ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ် ၆,၀၀၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တစ်မြို့နယ်လုံး မီးဘေးသင့် ဒေသခံပြည်သူ သုံးသောင်းကျော်ရှိနေကာ အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးချိန်မှ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံးဖြင့် အများဆုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။