Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် ဆိုင်ကယ်ဖြင့်လာသော စစ်သားနှစ်ဦးအား ပစ်ခတ်ရှင်းလင်း

ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက် ၁၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကြည်ရွာတွင် တပ်စွဲအထိုင်ချထားသော စစ်ကောင်စီတပ်မှ စစ်သား နှစ်ဦးသည် ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာခဲ့သည်။

(သိမ်းဆည်းရမိခဲ့သော သေနတ်တစ်လက်နှင့်ကျည်များ။ ဓာတ်ပုံ-NYSGF)
(သိမ်းဆည်းရမိခဲ့သော သေနတ်တစ်လက်နှင့်ကျည်များ။ ဓာတ်ပုံ-NYSGF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဆီမီးခုံသို့ ဆိုင်ကယ်ဖြင့်လာသည့် စစ်သားနှစ်ဦးအား ပစ်ခတ် ရှင်းလင်းရာ နှစ်ဦးလုံးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် NYSGFအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက် ၁၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကြည်ရွာတွင် တပ်စွဲအထိုင်ချထားသော စစ်ကောင်စီတပ်မှ စစ်သား နှစ်ဦးသည် ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာခဲ့သည်။

၎င်းတို့ကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF အဖွဲ့က လမ်းခုလပ်မှနေ၍ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ MA1 တစ်လက်၊ 5.56 ကျည် ၁၆ တောင့်နှင့် ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း NYSGFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နှစ်ကောင်လုံး ပွဲခြင်းပြီးပါ။ အရင်တစ်ခေါက် က အတို၊ ဒီတစ်ခေါက် အရှည်ရတာ။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်မှန်ကန်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

ယမန်နေ့ညက ကြည်ရွာမှ သေဆုံးစစ်သားအလောင်း နှစ်လောင်းကို ဆီမီးခုံမြို့သို့ သယ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးတွင် ပါဝင်သော ပြောက်ကျားရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆)တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFက ဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် အနီးကပ်လိုက်ပါနေထိုင်ခြင်းများအား အထူးဆင်ခြင်ကြပါရန် နောင်ရိုးအထူးပြောက်ကျားတပ် NYSGFက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာအတွင်းကလည်း မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ကြည်ရွာဘက်သို့ ဆိုင်ကယ်ဖြင့် လာသ​ည့် စစ်ဗိုလ်နှင့်တပ်သားတစ်ဦးကို ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးလုံးသေဆုံးပြီး ပစ္စတိုသေနတ်တစ်လက်၊ ငွေကျပ် သုံးသိန်းနှင့် ဖုန်း နှစ်လုံးသိမ်းဆည်း ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

Facebook