Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် ဆိုင်ကယ်ဖြင့်လာသော စစ်သားနှစ်ဦးအား ပစ်ခတ်ရှင်းလင်း

ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက် ၁၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကြည်ရွာတွင် တပ်စွဲအထိုင်ချထားသော စစ်ကောင်စီတပ်မှ စစ်သား နှစ်ဦးသည် ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာခဲ့သည်။

(သိမ်းဆည်းရမိခဲ့သော သေနတ်တစ်လက်နှင့်ကျည်များ။ ဓာတ်ပုံ-NYSGF)
(သိမ်းဆည်းရမိခဲ့သော သေနတ်တစ်လက်နှင့်ကျည်များ။ ဓာတ်ပုံ-NYSGF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဆီမီးခုံသို့ ဆိုင်ကယ်ဖြင့်လာသည့် စစ်သားနှစ်ဦးအား ပစ်ခတ် ရှင်းလင်းရာ နှစ်ဦးလုံးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် NYSGFအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက် ၁၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကြည်ရွာတွင် တပ်စွဲအထိုင်ချထားသော စစ်ကောင်စီတပ်မှ စစ်သား နှစ်ဦးသည် ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာခဲ့သည်။

၎င်းတို့ကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF အဖွဲ့က လမ်းခုလပ်မှနေ၍ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ MA1 တစ်လက်၊ 5.56 ကျည် ၁၆ တောင့်နှင့် ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း NYSGFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နှစ်ကောင်လုံး ပွဲခြင်းပြီးပါ။ အရင်တစ်ခေါက် က အတို၊ ဒီတစ်ခေါက် အရှည်ရတာ။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်မှန်ကန်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

ယမန်နေ့ညက ကြည်ရွာမှ သေဆုံးစစ်သားအလောင်း နှစ်လောင်းကို ဆီမီးခုံမြို့သို့ သယ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးတွင် ပါဝင်သော ပြောက်ကျားရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆)တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFက ဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် အနီးကပ်လိုက်ပါနေထိုင်ခြင်းများအား အထူးဆင်ခြင်ကြပါရန် နောင်ရိုးအထူးပြောက်ကျားတပ် NYSGFက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာအတွင်းကလည်း မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ကြည်ရွာဘက်သို့ ဆိုင်ကယ်ဖြင့် လာသ​ည့် စစ်ဗိုလ်နှင့်တပ်သားတစ်ဦးကို ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးလုံးသေဆုံးပြီး ပစ္စတိုသေနတ်တစ်လက်၊ ငွေကျပ် သုံးသိန်းနှင့် ဖုန်း နှစ်လုံးသိမ်းဆည်း ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာက ရှေးဟောင်းဘုန်းတော်ကြီးကျောင်း မီးလောင်ပြီး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်ကျွမ်းမှုမှာ ပွဲရုံ ၄ ရုံနဲ့ ဆိုင်ခန်း ၂၄ ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။