Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းရှိပျူစခန်းကိုစီးနင်းရာ ပျူ ၄ဦးဖမ်းမိပြီး လက်နက်ခဲယမ်းများရရှိဟု S.R.F တာဝန်ရှိသူ​ပြော

တိုက်ပွဲအတွင်းမှ ကာဘိုင် M-2သေနတ် (၁)လက်၊ 4.8ပြောင်းချောသေနတ် (၂)လက်၊ က.ပ.စ ထုတ်ကြည်ထိုး (၁)လက်၊ တူမီး (၂)လက်၊ 4.8ကျည်ဆံ (၆၃)တောင့်၊ 0.30ကျည် (၁၁၄)တောင့်နှင့်အတူ ဖုန်း (၃)လုံးတို့ကိုလည်း သိမ်းဆည်းရရှိသည်။

(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)
(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိပျူစောထီးစခန်း​ကို ဝင်ရောက်စီးနင်းရာ လက် နက်ခဲယမ်းများအပါအဝင် ပျူစောထီးလေးဦးကို အရှင်ဖမ်းမိကြောင်းS.R.F(Student’s Revolutionary Force)တာဝန်ရှိသူက People’s Spring သို့ပြောသည်။

မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာ(ပျူရွာ)ကိုဇွန်လ ၈ ရက်နေ့ နံနက် (၄)နာရီခွဲခန့်တွင် စတင်ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲမှာ (၂)နာရီနှင့်(၁၉)မိနစ်ခန့်ကြာမြင့်ခဲ့သည်ဟု ၎င်းကသည်။

(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)
(ဖမ်းဆီးရမိ​သောပျူအချို့နှင့်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်ူအချို့ ။ဓါတ်ပုံ-SRF)

“မိတာက ငါးဦးမိတာ။ပျူစစ်ကလေးဦး။တစ်ယောက်က သူတို့အတင်းအကြပ်စောင့်ခိုင်းတဲ့ကင်းသမားမို့ပြန်လွှတ်လိုက်တယ်”ဟု S.R.F တာဝန်ရှိသူကရှင်းပြသည်။

တိုက်ပွဲအတွင်းခုခံသူများထဲမှ (၃)ယောက်သေဆုံးပြီး ဖမ်းဆီးရမိသူများမှာ ကံငြိမ်း အသက် (၆၅)နှစ်၊ ပြည့်ဘော် အသက် (၅၈)နှစ်၊ ဝင်းဦး အသက် (၃၇)နှစ်နှင့် အေးဆွေ အသက် (၅၇)နှစ်တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်းမှ ကာဘိုင် M-2သေနတ် (၁)လက်၊ 4.8ပြောင်းချောသေနတ် (၂)လက်၊ က.ပ.စ ထုတ်ကြည်ထိုး (၁)လက်၊ တူမီး (၂)လက်၊ 4.8ကျည်ဆံ (၆၃)တောင့်၊ 0.30ကျည် (၁၁၄)တောင့်နှင့်အတူ ဖုန်း (၃)လုံးတို့ကိုလည်း သိမ်းဆည်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။