Connect with us

Hi, what are you looking for?

သတင်း

ထိုင်း − မြန်မာနယ်စပ်အနီးကစစ်ကောင်စီစခန်းဆီ ခဲယမ်းရိက္ခာပို့မယ့်စစ်ကြောင်း တိုက်ခိုက်ခံရ

တိုက်ပွဲဟာ တစ်နေ့ကုန် နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ S.O.F က ဆိုထားပါတယ်။

ထိုင်း − မြန်မာနယ်စပ်အနီးကစစ်ကောင်စီစခန်းဆီ ခဲယမ်းရိက္ခာပို့မယ့်စစ်ကြောင်း တိုက်ခိုက်ခံရ
ထိုင်း − မြန်မာနယ်စပ်အနီးကစစ်ကောင်စီစခန်းဆီ ခဲယမ်းရိက္ခာပို့မယ့်စစ်ကြောင်း တိုက်ခိုက်ခံရ

ထိုင်း − မြန်မာနယ်စပ် အနီးရှိ အာဏာသိမ်း စစ်တပ်ရဲ့ ကွီလုံတိုင်စခန်း ဆီ ရိက္ခာနဲ့ခဲယမ်းပို့ဆောင်မယ့် စစ်ကြောင်းကို ကရင့်ပူးပေါင်းတပ်က ဇွန်လ ပထမ ပတ်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ရိက္ခာနဲ့ခဲယမ်းပို့ဆောင်မယ့် စစ်ကြောင်းကို ဇွန်လ ၃ ရက်မနက် ၅နာရီ ခွဲမှာ KNU နဲ့ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ S.O.F က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဟာ တစ်နေ့ကုန် နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ S.O.F က ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း ကရင့်ပူးပေါင်းတပ်ဘက်က ၅ ဦး ဗုံးစထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ S.O.F ရဲ့ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ ကွီလုံတိုင်တပ်စခန်းဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ကရင့်ပူးပေါင်းတပ်တွေရဲ့ ဝင်တိုက်စီးနင်းတိုက်ခိုက်တာ ခံခဲ့ရဖူးပါတယ်။

မှတ်ချက် ။ ။ ဇွန်လ ၁၃ ရက် ညနေ ၃ နာရီ အချိန်မှာ သတင်းကိုပြန်လည်ပြင်ဆင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။