Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ

တားမြစ်ကုန်စည်များ ရောင်းချသည့် ဆိုင်များ၊ အခွန်/ဒဏ်ကြေး မထမ်းဆောင်သည့်လုပ်ငန်းများကို အရေးယူမှုများ စတင်နေပြီးဖြစ်ကြောင်းနှင့် နောက်ကျအခွန်/ဒဏ်ကြေးဆောင်သူများသည် ရက်လွန်ကြေးပါ ပေးဆောင်ရမည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ
ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် ကုတ်စည်နှင့်လုပ်ငန်းအမျိုးအစားကို ကလေးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

အခွန်ကောက်ခံခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့် အစိုးရယန္တရားလည်ပတ်နိုင်ရန်အတွက်နှင့် ပြည်သူလူထုအားဝန်မပိစေဘဲ အခွန်စနစ်ဖြင့် လည်ပတ်နိုင်ရန်အတွက်ဖြစ်သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ
ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ

အခွန်ကောက်ခံရာတွင် သယံဇာတနှင့်စည်ပင်စသည့် အမျိုးအစားနှစ်မျိုးဖြင့် ပတ်သတ်သည့်အခွန်နှင့် ဒဏ်ကြေးအမျိုးအမည်များကို ထုတ်ပြန်ခြင်းဖြစ်သည်။

က​လေးမြို့​ပေါ်နှင့် မြို့နယ်အတွင်းအခွန်​ကောက်ခံမည့်သယံဇာတနှင့်ပတ်သတ်၍ အမျိုးအစား ၉ မျိုးထုတ်ပြန်ပြီး ၎င်းတို့ထဲတွင် ရေနံ၊ ကျောက်ခွဲစက်၊ အုတ်ဖို၊ အုတ်ခွေ/ကျောက်ခွေ၊ မီးသွေးအိတ်၊ ထင်း၊ ဝါး၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီတို့ကို အခွန်ကောက်မည်ဟု ကလေးမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စည်ပင်နှင့်ပတ်သတ်၍ ကုန်စုံဆိုင်များ၊ လိုင်းကားများ၊ လိုင်းကားယာဉ်ထွက်ခွင့်၊ သီးနှံပွဲရုံတွင် ဆန်နှင့်ပဲ အမျိုးအစားများ ၊ သစ်စက်၊ ယစ်မျိုးလိုင်စင်စသည့်တို့ဖြစ်သည်ဟု ​ဖော်ပြထားသည်။

သို့​သော်ပြည်သူများသပိတ်​မှောက်ထား​သော စစ်တပ်နှင့် စစ်တပ်ဆက်စပ်ထုတ်ကုန်များကိုစာရင်းမသွင်း​ပါ။

“လက်ရှိ အခွန်ကတော့ ဆောင်တဲ့သူ ဆောင်တယ်၊ မဆောင်တဲ့သူ မဆောင်ဘူးပေါ့။ အဲ့လိုဖြစ်နေလို့အခွန်ရှောင်တွေကိုအရေးယူ တော့မယ်လို့ ထုတ်ပြန်တာပါ။ပြည်သူနဲ့အတူရှိနေပါတယ်၊လုပ်စရာရှိတာဆက်လုပ်နေပါတယ်။”ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာ၀န်ခံက People’s Spring သတင်းဌာနသို့ပြောကြားသည်။

တားမြစ်ကုန်စည်များ ရောင်းချသည့် ဆိုင်များ၊ အခွန်/ဒဏ်ကြေး မထမ်းဆောင်သည့်လုပ်ငန်းများကို အရေးယူမှုများ စတင်နေပြီးဖြစ်ကြောင်းနှင့် နောက်ကျအခွန်/ဒဏ်ကြေးဆောင်သူများသည် ရက်လွန်ကြေးပါ ပေးဆောင်ရမည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

“အုပ်ချုပ်မှုအာဏာထူထောင်နိုင်တဲ့ ဒေသတွေမှာ အခွန်ကောက်ခံတဲ့စနစ်ဟာပျော့ပြောင်းစွာကောက်ခံတဲ့စနစ်ဖြစ်သင့်ပါတယ်။တော်လှန်ရေးအတွက် ရန်ပုံငွေရရှိဖို့…၂နှစ်,သို့မဟုတ် ၃နှစ်စာ ကြိုတင်အခွန်ဆောင်ပေးကြပါလို့စည်းရုံးမယ်။ကြိုတင်ခွန်ပေးဆောင်ကြသူတွေကိုမှတ်တမ်းပြုထားပြီး…’ပြည်တော်သစ်’ဖြစ်တည်ချိန်မှာ ဂုဏ်ပြုပေးကြမယ်ဆိုရင်(နှစ်တို,အခွန်ကင်းလွတ်ခွင့်ပေးတာမျိုးနဲ့) ပိုကောင်းမယ် ထင်မိပါတယ်။ကြာလေတန်ဘိုးမဲ့လာနေ ဖြစ်နေတဲ့ တိရိစ္ဆာန်ရုပ်ပုံငွေ​စက္ကူတွေကြောင့် ပြည်သူတွေ မွန်းကျပ်နေကြရတာကို မမေ့ကြပါနဲ့” ဟု People’s Spring စာဖတ်ပရိတ်သတ် ပြည်သူတစ်ဦးကလည်း အခွန်​ကောက်ခံမှုနှင့် ပတ်သပ်၍ အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။