Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမြို့နယ်တွင်တိုက်ပွဲစဖြစ် ၊ပိုမိုပြင်းထန်လာနိုင်

ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့ရှိစစ်ကောင်စီ စခန်း ၃ ခုနှင့် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့သို့ ဇွန် ၁၅ ရက် နေ့လည်ပိုင်း ကစ၍ စစ်ကောင်စီက အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။

(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)
(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွား​နေပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်းဖားဆောင်း PDF က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၆ ရက်) ကဖားဆောင်းမြို့နယ်၊သံလွင်မြစ်အရှေ့ဖက်ခြမ်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)
(၂၀၂၂ ခုနှစ်မေလ က ဖားဆောင်းမြို့နယ် ခဲမဖြူ-မော်ချီး လမ်းမကြီးတိုက်ပွဲဖြစ်ပွားခဲ့စဥ်။ ဓါတ်ပုံ-KA)

“မယ်စဲ့မြို့ တိုက်ခံရပြီးတဲ့နောက်မှာ ဖားဆောင်းဘက်မှာ တိုက်ပွဲကူးဆက်သွားတာလို့ပဲ ယေဘုယျ ပြောလို့ရတယ်။နောက်ပြီး စကစ ဘက်က ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ထိုးနေတဲ့ တပ်တချို့ကို ဘောလခဲ ဘက် ပြန်ရွှေ့ထားတယ်။စစ်ရေးအရ လိုသလို တပ်ရွှေ့နိုင်ဖို့ ဖြစ်နိုင်တယ်။နောက်တစ်ခုက အခု ဘောလခဲ ဘက်ကပါ အင်အား ၂၀၀ လောက်နဲ့ ဖားဆောင်းဘက် ကို စကစ က အင်အားတိုးထားတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်တစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များရှိသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့ရှိစစ်ကောင်စီ စခန်း ၃ ခုနှင့် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့သို့ ဇွန် ၁၅ ရက် နေ့လည်ပိုင်း ကစ၍ စစ်ကောင်စီက အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။

လက်ရှိ စစ်ရေးအ​ခြေအ​​နေ​ကြောင့် ပြည်သူများအနေဖြင့် ဖားဆောင်းသံလွင်အရှေ့ဖက်ခြမ်ကိုသွား လာခြင်းမပြုရန်နှင့် မြို့နယ်အတွင်းသတိထားသွားလာရန် ဖားဆောင်း PDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။