Connect with us

Hi, what are you looking for?

News

နွေဦးထီရဲ့ ပထမဆုံးကံထူးရှင် ပေါက်မဲနံပတ် ၇၅ခု ပေါ်ထွက်

နွေဦးထီရဲ့ ရောင်းချရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီ ဆန်ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMer တွေ အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ‘နွေဦးထီ’ကံထူးရှင် ပေါက်မဲနံပတ် ၇၅ခုကို ပေါ်ထွက်လာပြီဖြစ်ပြီး လုံခြုံရေးအရ နွေဦးထီ အေဂျင့်တွေက တိုက်ရိုက်ဆက်သွယ်လာမယ်လို့ နွေဦးထီမိသားစုက သတင်းထုတ်ပြန်ပါတယ်။

အောင်လံလွှင့်ချီနွေဦးထီ Pilot project အတွက် ကံထူးရှင်တွေကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က computerized random selection စနစ်နဲ့ ဒီနေ့ ရွေးချယ် ခဲ့တာဖြစ်ပြီး နွေဦးထီရောင်းရငွေရဲ့ ၃၀%အပေါ်ကံထူးရှင်ရွေးချယ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“နွေဦးထီ ကံထူးရှင်မိဘပြည်သူများရဲ့ လုံခြုံရေးအရ ကံထူးရှင်များကို နွေဦးထီ Agent များမှ တိုက်ရိုက်ဆက်သွယ်လာမှာဖြစ်သလို၊ ထီပေါက်စဉ်ကိုလဲ နွေဦးထီ page chat bot တွင်မကြာမီ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်” လို့ နွေဦးထီမိသားစုက ထုတ်ပြန်ပါတယ်။

နွေဦးထီရဲ့ ရောင်းချရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီ ဆန်ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMer တွေ အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

‘အောင်လံလွှင့်ချီနွေဦးထီ’ ရဲ့ အမြင့်ဆုံးဆုကြေးငွေဟာ ၁၅ သိန်းဖြစ်ပေမယ့် စစ်အာဏာသိမ်းကို ဆန့်ကျင်တဲ့ ပြည်သူလူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ကာ အားပေးဝယ်ယူမှုလည်း များပြားခဲ့ပါတယ်။

အောင်လံလွှင့်ချီ နွေဦးထီမှာ ပူးပေါင်းပါဝင်ပေးကြတဲ့ မိဘပြည်သူများအားလုံးကို အထူးပင်လေးစားကျေးဇူးတင်ရင်း စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဆီသို့ ဆက်လက်ပူးပေါင်းချီတက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

News

၂၀၂၁ ဒီဇင်ဘာလတွင် သိန်း ၁၀၀ အထူးဆု တစ်ဆု အပါအဝင်၊ ၁၅ သိန်း (၅၆) ဆု ဖွင့်လှစ်ပေးခဲ့ပြီး ကံထူးရှင် ၅၇ ဦးတွင် ၄၅ ဦးက ထီဆုကြေးများကို ပြန်လည်လှူဒါန်းခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။

News

လစဉ် နွေဦးထီ ရောင်းရငွေ စုစုပေါင်း ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းများအား ချီးမြှင့်သွားမည်ဟုလည်း NUGက ဆိုထားသည်။

ဗီဒီယို

ထိုင်းထီလက်မှတ်တွေကို အွန်လိုင်းကနေရောင်းချတာဖြစ်ပြီး မြန်မာငွေ ၆၀၀၀ ကျပ်ကျော်ကနေ ၇၀၀၀ ကျပ်ကျော်အထိ နံပတ်လှတာတာအပေါ်မူတည်ပြီး​စျေးသတ်မှတ်ရောင်းကြတယ်လို့ ပြောပါတယ်။

News

ထီရောင်းချချိန်ကိုလည်း နံနက် ၁၀ နာရီမှ ည ၁၀နာရီအထိသတ်မှတ်ထားပြီး ယခင်ကဲ့သို့ ခဏလေးဖြင့် ထီလက်မှတ်ကုန်သွားခြင်းမျိုးရှိတော့မည်မဟုတ်ကြောင်း၊ ထို့ပြင် ထီလက်မှတ် ရရှိရာတွင်လည်း ပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။