Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမြို့နယ် စကစ​ကောင်စီဝင်သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

ဦးရဲနိုင်အောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင်လည်း ဖြစ်သည်။ ၄င်းသည် သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီခန့် ကျိုထိုက်မြို့နယ်​ကောင်စီဝင် ဦးရဲနိုင်​အောင်။ ဓါတ်ပုံ-ရဲနိုင်​အောင်​ဖေစ်ဘွခ်)
(စစ်​ကောင်စီခန့် ကျိုထိုက်မြို့နယ်​ကောင်စီဝင် ဦးရဲနိုင်​အောင်။ ဓါတ်ပုံ-ရဲနိုင်​အောင်​ဖေစ်ဘွခ်)

ကျိုက်ထိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရဲနိုင်အောင်အား သေနတ်ဖြင့် ၈ ချက်အပစ်ခံရပြီး​သေဆုံးသွား​ကြောင်း​ဒေသခံများက​ပြောသည်။

“သင်္ချာရဲနိုင်က မြို့ပါ လူပေါ်လူဇော်လုပ်နေတာ။ စစ်တပ်အာဏာသိမ်းတော့ သူက စကစကောင်စီဝင်ဖြစ်လာတာ။ တော်လှန်ရေးမှပါသူတွေ သူ့ကြောင့် ဒုက္ခရောက်တာအများကြီးပဲ။ အခုတော့ အရှင်းခံရပြီ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ (ဇွန်လ၂၂ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဦးရဲနိုင်အောင်(သင်္ချာရဲနိုင်)ကို ကျိုက်ထိုမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိတောရကျောင်း မုဒ်ဝအရှေ့တွင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ဦးရဲနိုင်အောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင်လည်း ဖြစ်သည်။ ၄င်းသည် သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မွန်ပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီနှင့် စစ်ကောင်စီ‌ဒေါက်တိုင်များကို တိုက်ခိုက်မှုများ အရှိန်မြင့်လာသလို ကျိုက်ထိုမြို့ကို ဖြတ်သွားသည့် မွန်ပြည်နယ် -တနင်္သာရီတိုင်းလမ်း(အမှတ်၈ လမ်းမကြီး)ကိုလည်း ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook