Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို ကင်မွန်းချောင်း ရဲစခန်းအား KNLA ပူးပေါင်းတပ် ဒရုံးဖြင့် ဗုံးသီးချတိုက်ခိုက်

PPDF-KD အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများကို ဖော်ဆောင်လျက်ရှိသည်ဟု အသိပေးထားသည်။

(ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်( PPDF-KD) တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-PPDF-KD)
(ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်( PPDF-KD) တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-PPDF-KD)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ယနေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်( PPDF-KD) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ရဲ ၁၅ဦးခန့် အခြေစိုက်သည့် ကင်မွန်းချောင်း နယ်မြေရဲစခန်းကို ဇွန်လ ၁၉ရက် ညနေ ၄နာရီခန့်တွင် PPDF-KD Drone Team ၊ TPDF Drone Team၊ YEF Drone Team နှင့် KNLA ၊ PDF ၊ KRF ၊ ကျိုက်ထို (ပကဖ)ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ချ တိုက်ခိုက်ခဲ့ကြောင်း၊ဗုံးသီးများအားလုံး ပစ်မှတ်များထံ တိတိကျကျ ထိမှန်ပေါက်ကွဲခဲ့သော်လည်းစစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း PPDF-KDက ထုတ်ပြန်သည်။

ယင်းသို့ တိုက်ခိုက်မှုကို နယ်မြေခံ KNLA တပ်မှူးကလည်း အတည်ပြုပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်သည်ဟု People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

စကစ ဘက်မှ ၆၀ မမ လက်နက်ကြီးဖြင့် ၃ ချက်ခန့် ပြန်လှန်ပ စ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း PPDF-KDက ထုတ်ပြန်သည်။

PPDF-KD အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများကို ဖော်ဆောင်လျက်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook