Connect with us

Hi, what are you looking for?

သတင်း

တပ်ရင်းအလိုက်စစ်ကောင်စီကို စွန့်ခွာသည့် သတင်းကောင်းမျိုး နောက်ထပ်ကြားရမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေးကို မျက်နှာမူနေသည့် မဟာမိတ် အဖွဲ့အစည်းများဖြစ်စေ၊ လူတစ်ဦးတစ်ယောက် ချင်းစီပင်ဖြစ်စေ စစ်မှန်သည့်တော်လှန်ရေးစိတ်ဓာတ်များနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေသည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

တပ်ရင်းအလိုက်စစ်ကောင်စီကို စွန့်ခွာသည့် သတင်းကောင်းမျိုး နောက်ထပ်ကြားရမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော
တပ်ရင်းအလိုက်စစ်ကောင်စီကို စွန့်ခွာသည့် သတင်းကောင်းမျိုး နောက်ထပ်ကြားရမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော

စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများအနက် တပ်ရင်းအလိုက် စစ်ကောင်စီကို စွန့်ခွာသည့် သတင်းကောင်းမျိုး နောက်ထပ်ကြားရမည်ဟု ယုံကြည်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်း စစ်တပ်စခန်းက လက်နက်ချ အလင်းဝင်လာသည့်သတင်းသည် တော်လှန်ရေးအင်အားစုများအတွက်များစွာ အားတက်စရာဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဟာ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လကတည်းက ဖွဲ့စည်းပြီး ပြည်သူကို ချိန်ထားတဲ့ လက်နက်တွေ လျော့နည်းလာစေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ အခုဆိုရင် တပ်ရင်းအလိုက် စစ်ကောင်စီကို စွန့်ခွာလာကြတဲ့ သတင်းဟာ တော်လှန်ရေးအတွက် အင်မတန် အားရစရာ သတင်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ်လည်း တော်လှန်ရေးရဲ့ အခြေအနေမှန်ကို နားလည်ပြီး ပြည်သူ့ဘက်ကို မျက်နှာမူလာကြမယ့် သူတွေ ရှိလာဦးမယ်လို့ ယုံကြည်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို ဇွန်လ ၁၃ရက်ကစပြီး ကရင်နီပူးပေါင်းတပ်များပါဝင်သည့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်ရှိတွင် မယ်စဲမြို့နယ်ရှိ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်တာဝန်ရှိသူအချို့က ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ရရှိမှု၊ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ထွက်ပြေးမှုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချမှုရှိကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသော်လည်း အရေအတွက် အတိအကျကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

တော်လှန်ရေးကို မျက်နှာမူနေသည့် မဟာမိတ် အဖွဲ့အစည်းများဖြစ်စေ၊ လူတစ်ဦးတစ်ယောက် ချင်းစီပင်ဖြစ်စေ စစ်မှန်သည့်တော်လှန်ရေးစိတ်ဓာတ်များနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေသည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် သွေးခွဲမှုသတင်းမှားများ ဖြန့်ချိမှုများ ရှိရာ ယင်းတို့ကို အထူးသတိထား ကျော်လွှားနိုင်ရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook