Connect with us

Hi, what are you looking for?

သတင်း

ရွာသစ်မြို့တိုက်ပွဲတွင် KRUမှ ရဲဘော်တစ်ဦးကျဆုံး

ဇွန်လ ၁၃ ရက်ကစ၍ ရွာသစ်မြို့နဲ့၊ မယ်စဲ့မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထားနိုင်ခဲ့ခြင်းဖြစ်သည်။

(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ - KRU)
(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ - KRU)

ကရင်နီ(ကယား)ပြည်နယ် ရွာသစ်မြို့တိုက်ပွဲတွင် ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစု (KRU)က ယနေ့ ထုတ်ပြန်သည်။

ကရင်နီပြည်အတွင်း နေရာအနှံ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကာကွယ်ရေးတပ်များမှ အပြင်းအထန်ခုခံလျက် ရှိကာ ကရင်နီတော်လှန်ရေးတပ်ပေါင်းသည် တိုက်ပွဲပြင်းထန်နေသောဒေသများသို့ စစ်ကူ (စစ်ကြောင်း)များပို့၍ အတူတကွတိုက်ထုတ် နေသည်ဟု ဆိုသည်။

ထိုအနက် ယခုလ ၂၇ ရက်က ရွာသစ်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် KRUတပ်ပေါင်းစု၏ တပ်ခွဲ(၂) GZ-21(Loikaw)မှ (၁၉)နှစ်အရွယ် ရဲဘော် ခရစ္စတိုဖာ(ခ)ဂျော့ဒူ ကျဆုံးခဲ့ရကြောင်း အသိပေးသည်။

(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ - KRU)
(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ – KRU)

“ရွာသစ်တိုက်ပွဲမှာ ၂၆ ရက်ကနေ ၂၇ ရက်အထိ လေယာဥ်နဲ့ လက်နက်ကြီးပစ်ကူကြီးပဲ ၁၀၀ လောက်သုံးတာ။ မြေပြင်ကလည်း တပ်ရင်းနှစ်ခု စာလောက်နဲ့ ထိုးစစ်ဆင်ပြီး ပန်တိန်း နဲ့စွတ်ပိုင်က စခန်းနှစ်ခုကို စကစ ဘက်က ပြန်ယူချင်တာပေါ့။ကရင်နီပူးပေါင်းတပ် ဖွဲ့ဝင် ငါးဦး လောက်ကျခဲ့ရတယ်လို့ သိရတယ် “ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီပူးပေါင်းတပ်ဖွဲ့များ သိမ်းယူထားသည့် ကရင်နီပြည် မယ်စဲမြို့နယ် ပန်တိန်းဒေသက နယ်ခြားစောင့် (BGF )၁၀၀၄တပ်စခန်းနှင့် ရွာသစ်မြို့ စွတ်ပိုင်ဒေသရှိ (၁၀၀၅)တပ်စခန်းနေရာကိုပြန်လည်သိမ်း ပိုက်ရရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ နှင့် စစ်သည် သေဆုံးမှုရှိခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ - KRU)
(ဇွန်လ ၂၇ ရက်က ရွာသစ်မြို့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်ခရစ္စတိုဖာ၏ စျာပနပြုလုပ်ပေးနေစဉ်။ ဓာတ်ပုံ – KRU)

“အဆမတန်ပေးတဲ့လေကြောင်း ပစ်ကူ ကို ခဏရှောင်လိုက်တဲ့သဘောလို့ ယူဆတယ်။အချိန်တန်ရင် ပြန်သိမ်းခံရမှာပဲ။နောက်ပြီး အခု ရွာသစ် စွတ်ပိုင်က ဒေသခံတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတယ်။ထွက်တဲ့လူပစ်သတ်ခံနေတယ်လဲ ကြားတယ်”ဟု ကရင်နီတပ်မတော်နှင့် နီးစပ်သူတစ်ဦးက ရှင်းပြ သည်။

ဇွန်လ ၁၃ ရက်ကစ၍ ရွာသစ်မြို့နဲ့၊ မယ်စဲ့မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထားနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်ထိ ရွာသစ်နှင့် မယ်စဲ့ မြို့ အတွင်းရှိ တိုက်ပွဲများ နှင့်ဆက်စပ်၍ ကရင်နီပူးပေါင်းတပ်များက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။