Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးမြို့က စစ်ကောင်စီတပ်စခန်းတွေကို ၅ ရက်ကြာ တိုက်ခိုက်

တိုက်ခိုက်ခဲ့တဲ့ စစ်ရေးပစ်မှတ်နေရာတွေကတော့ ခလရ ၂၈၃ တပ်ရင်း ၊ ခုတ်ခွားစခန်း ၊ခလယ်တံခွန်တိုင်ရဲစခန်း၊ အဘစ်စစ်ကောင်စီဂိတ် တို့ ပါဝင်ပါတယ်။

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီ ခြေလျင်တပ်ရင်း အပါအဝင် တပ်စွဲထားရာနေရာတွေနဲ့ ရဲစခန်းကို ဒီနေ့အထိ တစ်ပတ်ကြာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၅ ရက်ထိ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ လှမ်ပစ်တာတွေ ပြုလုပ်ခဲ့တာလို့သိရပါတယ်။

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MOD/NUG)

တိုက်ခိုက်ခဲ့တဲ့ စစ်ရေးပစ်မှတ်နေရာတွေကတော့ ခလရ ၂၈၃ တပ်ရင်း ၊ ခုတ်ခွားစခန်း ၊ခလယ်တံခွန်တိုင်ရဲစခန်း၊ အဘစ်စစ်ကောင်စီဂိတ် တို့ ပါဝင်ပါတယ်။

အဲဒီနေရာတွေကို KNU ၊ S.O.F တပ်ဖွဲ့ ၊ ဒရုန်းတပ်ဖွဲ့ နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်တဲ့ နယ်မြေဟာ KNU တပ်မဟာ ၆ နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ခံစစ်ပြင်ဆင်ထားတာတွေ့ရတယ်လို့ S.O.F တာဝန်ခံတပ်မှူးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook