Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနှင့် မြိတ်တွင် စစ်ကောင်စီတပ် နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခံရ

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ငါးဦးအထက် ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

(မြိတ်နယ် တုန်းဗျောရွာတွင်တပ်စွဲထားသော စစ်တပ်အထိုင်ချနေရာအား ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)
(မြိတ်နယ် တုန်းဗျောရွာတွင်တပ်စွဲထားသော စစ်တပ်အထိုင်ချနေရာအား ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)

▪️လေးဦးသေပြီး ငါးဦးထက်မနည်းထိခိုက်ဟုဆို

တနင်္သာရီနှင့် မြိတ်မြို့နယ်များတွင် စစ်ကောင်စီတပ်အား နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း Southern Warriors Defense Force-SWDF(တနင်္သာရီ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၂ရက် နံနက် ၈နာရီခန့်က တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ(၅၆၁) တပ်ရင်းမှ သိန္ဓောကျေးရွာ ဘက်သို့ထွက်လာသော စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို တနင်္သာရီ-ပကဖအဖွဲ့ဝင်များဖြစ်သည့် ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ SWDF အဖွဲ့နှင့် မြိတ်ခရိုင် တပ်ရင်း (၂)ခွဲ(၁) ပူးပေါင်းမဟာမိတ်အဖွဲ့များမှ သကျက်ကျေးရွာအုပ်စု လငုကျေးရွာအနီး ကြားတွင် တိုက်ခိုက်ခဲ့သည်။

ထို့နောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ဆက်လက် ထွက်ခွာလာသော စစ်ကြောင်းအား ယင်းနေ့(ဇူလိုင် ၂)နေ့လယ် ၁၂နာရီခန့်တွင် သကျက်တောင်ဘိန်းကျေးရွာအရောက်၌ ထပ်မံ တိုက်ခိုက်ခဲရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိခဲ့ကြောင်း SWDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ဇူလိုင် ၄ ရက် နေ့လယ် ၁၂နာရီခန့်က မြိတ်မြို့နယ် တုန်းဗျောကြီးရွာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသော တပ်စခန်းအား တနင်္သာရီ-ပကဖ မှ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ SWDF အဖွဲ့နှင့် မြိတ်-ပကဖ၊ မြိတ်ခရိုင်တပ်ရင်း(၂)တို့သွားရောက်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ငါးဦးအထက် ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

“မြိတ်ကနေ တုန်းဗျောအထိ လမ်းပိုင်းတစ်လျှောက်ကို သူတို့ဘက်က ဂိတ်တွေချထားတယ်။ အမြဲတမ်းအပြောင်းအလဲလုပ်ပြီးချထားတာဆိုတော့ သူတို့အင်အားကို ခန့်မှန်းလို့မရဘူး။ ပြီးတော့ ကျနော်တို့ဘက်က ပြည်ထောင်စုလမ်းပိုင်း(မြိတ်-တနင်္သာရီ -ကော့သောင်းလမ်းပိုင်း)ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဘာလို့ဆို ကမ်းရိုးတမ်းစစ်ဌာနချုပ်က မြိတ်မှာအခြေစိုက်တာဆိုတော့ တပ်ရင်းတွေတအားများတယ်။ ပြောက်ကျားတိုက်ခိုက်တာပဲ လုပ်နိုင်ပါသေးတယ်”ဟု အထက်ပါဒေသများ၏ စစ်ရေးအ ခြေနေကို SWDF တပ်ဖွဲ့တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ဇူလိုင် ၁ ရက်ကလည်း တနင်္သာရီနယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)မှ အင်အား ၅၀ ကျော်ဖြင့်ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။