Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ် ဗန်မွန်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိဟု အသိပေး

ဗန်မွန်ရွာရှိ သိမ်ကုန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၅ရက် ညပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ မိနစ် ၂၀ခန့် ကြာမြင့်ခဲ့သည်ဟုသိရသည်။

(KIA နှင့် KPDF ပူး​​ပေါင်းတပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်။ ဓါတ်ပုံ-KPDF)
(KIA နှင့် KPDF ပူး​​ပေါင်းတပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်။ ဓါတ်ပုံ-KPDF)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမင်းတံတားကျေးရွာအုပ်စု ဗန်မွန်ရွာရှိ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မိုးမိတ်ခရိုင် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ဗန်မွန်ရွာရှိ သိမ်ကုန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၅ရက် ညပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ မိနစ် ၂၀ခန့် ကြာမြင့်ခဲ့သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ၆ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရခဲ့ကြောင်း မိုးမိတ်ခရိုင် KPDFက ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုကို KIA တပ်ရင်း ၃၄ နှင့် မိုးမိတ်ခရိုင် KPDF တပ်ရင်း တပ်ခွဲ(၁) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီးမေးမြန်းရန် မိုးမိတ်ခရိုင် KPDF တာဝန်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIAနှင့် မိုးမိတ်ခရိုင် KPDF တို့သည် မေလကုန်ပိုင်းကလည်း မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။