Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထောင်သား ရာနဲ့ချီ သေဆုံးတဲ့ ဖြစ်ရပ်အပြီး အီကွေဒေါ အကျဉ်းထောင်တွေမှာ လူလျှော့ဖို့စီစဉ်

အခု သီတင်းပတ် အစောပိုင်းက ဂိုင်ယာကွေးလ်မြို့က အကျဉ်းထောင် တစ်ခုမှာ ပြိုင်ဘက် ဒုစရိုက် ဂိုဏ်းတွေ အချင်းချင်း ရန်ပွဲ ဖြစ်ရာက လူပေါင်း ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ခေါင်းဖြတ် အသတ်ခံရသူတွေတောင် ပါဝင်ခဲ့ပါတယ်။

ထောင်တွင်း ရန်ပွဲတွေကြောင့် အကျဉ်းသား ရာနဲ့ချီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အကျဉ်းကျခံနေရသူ ထောင်ဂဏန်းလောက်ထိ လွတ်ငြိမ်းခွင့် ပေးသွားဖို့ အီကွေဒေါ အာဏာပိုင်တွေက စီစဉ်နေပါတယ်။

အခု သီတင်းပတ် အစောပိုင်းက ဂိုင်ယာကွေးလ်မြို့က အကျဉ်းထောင် တစ်ခုမှာ ပြိုင်ဘက် ဒုစရိုက် ဂိုဏ်းတွေ အချင်းချင်း ရန်ပွဲ ဖြစ်ရာက လူပေါင်း ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ခေါင်းဖြတ် အသတ်ခံရသူတွေတောင် ပါဝင်ခဲ့ပါတယ်။

ဒီပြဿနာ အပြီးမှာတော့ အီကွေဒေါ အကျဉ်းထောင်တွေရဲ့ လုံခြုံရေး အစီအမံတွေကို မြှင့်တင်ပေးဖို့ တောင်းဆိုသံတွေ ပိုမို ကျယ်လောင်လာပါတယ်။ အခုအခါမှာတော့ အကျဉ်းဦးစီး ဌာနက ထောင်တွေထဲမှာ အကျဉ်းသားတွေ လျှော့ချပြီး ထိထိရောက်ရောက် ကိုင်တွယ် ကြပ်မတ်နိုင်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ကနဦး အဆင့်အဖြစ် အကျဉ်းသား ၂၀၀၀ လောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ၊ အပြင်းအထန် နာမကျန်း ဖြစ်နေသူတွေကို ဦးစားပေးအဆင့် လွှတ်ပေးမယ်လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဘိုလီဗာ ဂါဇန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂိုင်ယာကွေးလ်မြို့၊ လီတိုရဲလ် အကျဉ်းထောင်က လူသတ်ပွဲနဲ့ ပတ်သက်လို့တော့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲပါ။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ရဲတွေဟာ သေဆုံးသူ ၄၁ ဦးကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ထားနိုင်ပြီးဖြစ်ကြောင်း သိရပါတယ်။ အကျဉ်းထောင်ထဲမှာ နှစ်ဖက် ရန်ပွဲဖြစ်ရာမှာ သေနတ်တွေနဲ့ပစ်၊ လက်ပစ်ဗုံးတွေပါ သုံးခဲ့ကြပြီး လက်နက်တွေ ထောင်ထဲ ဘယ်လို ရောက်နေသလဲ ဆိုတာကို ရဲတွေက စုံစမ်းနေပါတယ်။

ထောင်ရှေ့မှာ အကျဉ်းသား မိသားစုတွေ စုရုံးပြီး သတင်းစောင့်နေပေမယ့် ရဲတွေက ထောင်ထဲကို ဝင်ခွင့် မပေးသေးပါဘူး။ ထောင်ထဲမှာ လုံခြုံရေး အခြေအနေ မတည်ငြိမ်သေးတဲ့အတွက် မိသားစုဝင်တွေ အနေနဲ့ လောလောဆယ် ဝေးဝေး နေပေးကြဖို့ သမ္မတ ဂီလာမို လက်ဆိုက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း တိုက်တွန်းထားပါတယ်။

အီကွေဒေါမှာ အကျဉ်းသား အရေအတွက်က ထောင်ဆံ့တဲ့ ဦးရေထက် ပိုများနေတဲ့ အခက်အခဲတွေ ကြုံနေရပါတယ်။ သမ္မတ လက်ဆိုက နိုင်ငံရဲ့ အကျဉ်းထောင်တွေ လုံခြုံရေးကို အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားပြီး ထောင်တွေ အဆင့်မြှင့်တင်ဖို့ ဒေါ်လာ ၂၄ သန်းထိ ကျခံ သုံးစွဲသွားမှာ ဖြစ်ကြောင်းလည်း ကတိပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

ဆောင်းပါး

စစ်ကောင်စီက လွှတ်ပေးဦးမယ်အထင်နဲ့ အကျဥ်းထောင်တွေရဲ့ရှေ့မှာ အကျဥ်းကျမိသားစုဝင်တွေဟာ ညနက်သည်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။