Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြစ်ဝတွင်လက်နက်ခဲယမ်းများသယ်​ဆောင်လာ​သောစစ်တပ်နှင့်ပျူစက်​လှေ တိမ်း​မှောက်

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ အင်အား (၃၀)ဝန်းကျင်လိုက်ပါလာသည့် စက်လှေတစ်စီးသည် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအနီး ထားဝယ်မြစ်ဝတွင်ဇူလိုင်လ ၁၆ ရက်ည ၇နာရီခန့်၌ နစ်မြုပ်သွားခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

(တနသာ်ရီတိုင်းအတွင်း ဇူလိုင်လအတွင်းစစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီစစ်​ကြောင်းတစ်ခု ။ဓါတ်ပုံ-စစ်​ကောင်စီ​ထောက်ခံသူများ၏ လူမှုကွန်ယက်မှ)
(တနသာ်ရီတိုင်းအတွင်း ဇူလိုင်လအတွင်းစစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီစစ်​ကြောင်းတစ်ခု ။ဓါတ်ပုံ-စစ်​ကောင်စီ​ထောက်ခံသူများ၏ လူမှုကွန်ယက်မှ)

▪︎ရုပ်အ​လောင်းများ​မျော​နေ​ကြောင်း​ဒေသခံအချို့​ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးနှင့် ထားဝယ်မြို့နယ်ကြား ထားဝယ်မြစ်ဝတွင် ယမန်နေ့( ဇူလိုင်လ ၁၆ရက်)ည‌နေက လက်နက်ခဲယမ်းအများအပြားတင်ဆောင်လာသည့်စစ်ကောင်စီစက်လှေတစ်စီးနစ်မြုပ်သွားပြီးယနေ့တွင်သေဆုံးရုပ်အလောင်းများ မျောပါနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ အင်အား (၃၀)ဝန်းကျင်လိုက်ပါလာသည့် စက်လှေတစ်စီးသည် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအနီး ထားဝယ်မြစ်ဝတွင်ဇူလိုင်လ ၁၆ ရက်ည ၇နာရီခန့်၌ နစ်မြုပ်သွားခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

“မနေ့ညနေကတည်းရကြားတယ်။ဒီနေ့(ဇူလိုင် ၁၇ရက်)မနက်အစောကြီးပဲ စစ်တပ်ကကောင်တွေက အောက်ဆီဂျင်ဗူးတွေ၊ ရေငုပ်ဝတ်စုံ‌တွေနဲ့ ရောက်လာတယ်။ ရှာကြတယ်။ မတွေ့ဘူး။အခုညနေတော့ အလောင်းတချို့ ပေါ်လာတယ်လို့ ကြားတယ်။ မြစ်ဆိပ်ကို မဆင်းရဲလို့ အသေးစိတ်မသိဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

စက်လှေပေါ်ပါလာသူ အားလုံးသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစက်‌လှေပေါ်တွင် လက်နက်ခဲယမ်းများပါဝင်လာကြောင်းနှင့် စက်လှေနစ်မြုပ်သွားသည့်သတင်းလည်း ကြားရကြောင်း တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက‌ပြောသည်။

“မနေ့ညကမြုပ်တယ်လို့ သိရတယ်။ ဒီနေ့ အလောင်းတွေမျောနေတယ်ကြားတယ်။စက်လှေပေါ်မှာလက်နက်ခဲယမ်းတွေ ပါတယ်လို့လည်း ကြားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လောင်းလုံးနှင့် ထားဝယ်မြို့နယ် ပတ်ဝန်းကျင်တွင် ဇူလိုင် ၁၆ ရက်ည​​ရော ၊ဇူလိုင် ၁၇ ရက်တွင်ပါမိုးကောင်းနေပြီး စစ်ကောင်စီစက်လှေသည် မိုးသက်လေပြင်းကြောင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ယခု ရက်ပိုင်းအတွင်း မုတ်သုန်​လေအားအလွန်ကောင်းနေပြီး တနင်္သာရီတိုင်းတွင် မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ‌ဇူလိုင်လ ၁၆ရက်နှင့် ၁၇ရက်တွင် နှစ်ရက်ဆက်သတိပေးထားသည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။