Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၅၀ ကျော်ဖြစ်ပွား

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး စစ်တပ်သုံး မြင်း ၁၆ ကောင်ကို လည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုထားပါတယ်။

ဖာပွန်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၅၀ ကျော်ဖြစ်ပွား
ဖာပွန်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၅၀ ကျော်ဖြစ်ပွား

ကရင်ပြည်နယ် ဖာပွန်ဒေသမှာ လက်ရှိ ဇူလိုင်လဝက်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၁၅၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဒီနေ့မှာ စစ်ရေးသတင်းထုတ်ပြန်ပါတယ်။

မူတြော်ခရိုင် (ဖာပွန်)ဟာ KNU တပ်မဟာ ၅ နယ်မြေလည်းဖြစ်ပါတယ်။

အဲဒီဒေသထဲမှာ ဇူလိုင်လ ၁ ရက်ကနေ ၁၅ ရက်အထိတိုက်ပွဲ ၁၆၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး စစ်တပ်သုံး မြင်း ၁၆ ကောင်ကို လည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်လထဲမှာ စစ်ကောင်စီတပ်ဟာ မူတြော်ခရိုင်ထဲက ကျေးရွာအချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ လေကြောင်းကနေ ဗုံးကြဲတာတွေရှိခဲ့တယ်လို့ KNU တပ်မဟာ ၅ က စစ်ရေးသတင်းမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖာပွန်ဒေသမှာဖြစ်ပွားတဲ့စစ်ရေးအခြေအနေကိုထုတ်ပြန်တာမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။