Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်က တိုင်းနှင့် ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုအများအပြား နိုင်ငံတဝန်း သိသာစွာဖြစ်ပွားနေသည်ဟု ဗြိတိန်က ဆိုသည်။

ဗြိတိန်က တိုင်းနှင့် ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်
ဗြိတိန်က တိုင်းနှင့် ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်

ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန(FCDO)က မြန်မာနိုင်ငံ​ တိုင်းနှင့် ပြည်နယ် ၈ ခုသို့ ခရီးသွားရန် တားမြစ်ပိတ်ပင်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

မွန်၊ ကချင်၊ ချင်း၊ ကရင်နီ(ကယား)၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လုံးဝခရီးသွားလာခြင်းမပြုရန် ဗြိတိန်နိုင်ငံခြားရေးက သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၊ မန္တလေးနှင့် တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်အလယ်ပိုင်းတို့သို့ ခရီးသွားလာမှု တားမြစ်သော်လည်း မဖြစ်မနေသွားလာရန် ရှိပါက သွားလာနိုင်သည့် ဒေသများအဖြစ် ဗြိတိန်က သတ်မှတ်ထားသည်။

“မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေက ကြိုတင်ခန့်မှန်းထားလို့မရကြောင်းနဲ့ ကြိုတင်ကြေညာခြင်းမရှိဘဲ အပြောင်းအလဲတွေ ဖြစ်တတ်ပါကြောင်း”ဟု ဗြိတိန်က ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုအများအပြား နိုင်ငံတဝန်း သိသာစွာဖြစ်ပွားနေသည်ဟု ဗြိတိန်က ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်နှင့် နေပြည်တော်အပါအဝင် တိုက်ခိုက်မှုများမှာ စစ်တပ် သို့မဟုတ် စစ်တပ်နှင့်ဆက်စပ်နေသာ နေရာများဖြစ်သော အစိုးရရုံးအဆောက်အဦများ၊ စစ်ဆေးရေးဂိတ်များနှင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို အဓိက ပစ်မှတ်ထားသည်ဟု ဖော်ပြသည်။ သို့ရာတွင် နိုင်ငံခြားသားများ ပုံမှန်မကြာခဏ သွားရောက်လေ့ရှိသော ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာများနှင့် နေထိုင်ရာဝန်းကဲ့သို့သော ဧရိယာများအပါအဝင် အရပ်သား ပြည်သူများအပေါ်တွင်လည်း တိုက်ခိုက်မှုများမှာ သက်ရောက်နိုင်ကြောင်း ဗြိတိန်က အသိပေးသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကိုင်တိုက်ပွဲများအပါအဝင် နိုင်ငံတဝန်း သိသာထင်ရှားသည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများ ဖြစ်ပွားနေကြောင်း ဗြိတိန်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။