Connect with us

Hi, what are you looking for?

သတင်း

လက်ခတ်တောင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသတွင်းရွာများကို လက်နက်ကြီးဖြင့် ပစ်ရန် ပစ်မှတ်ချိန်ထားဟု ကော်ဘရာစစ်ကြောင်းမှူးပြော

လက်ခတ်တတောင်တာဝါတိုင်စခန်းကုန်းအား ကော်ဘရာစစ်ကြောင်းပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၀ရက်တွင် စတင် တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာ ဇူလိုင် ၂၁ရက် နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

(ဒေသတွင်းရွာများသို့ ပစ်မှတ်ချိန်ထားသည့် အမှတ်အသားများနှင့် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Saw Kaw/FB)
(ဒေသတွင်းရွာများသို့ ပစ်မှတ်ချိန်ထားသည့် အမှတ်အသားများနှင့် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Saw Kaw/FB)

“ပစ်မှတ်နေရာမှာ ရွာအမည်၊ အကွာအဝေး၊ ဒီဂရီတွေကို တစ်ခါတည်းရေးထားတာ”

ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ လက်ခတ်တောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ရန် ပစ်မှတ်ချိန်ထားသည်ကို တွေ့ရကြောင်း ကော်ဘရာစစ်ကြောင်း စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။

လက်ခတ်တတောင်တာဝါတိုင်စခန်းကုန်းအား ကော်ဘရာစစ်ကြောင်းပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၀ရက်တွင် စတင် တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာ ဇူလိုင် ၂၁ရက် နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

“လက်နက်ကြီး ပစ်မှတ်က တော်တော်ယုတ်မာတဲ့ စစ်တပ်လို့ပဲ ပြောရမယ်။ လက်ခတ်တောင် ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတော်တော်များများကို ပစ်မှတ်ထား ချိန်ထားတာပဲ”ဟု ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူးက ၎င်း၏ Facebookတွင် ရေးသားဖော်ပြသည်။

စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ရာ နေရာအနီး၌ တွေ့ရသည့် အမှတ်အသားများပါသော ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်စောကော်အား မေးမြန်းရာ စစ်ကောင်စီတပ်အနေဖြင့် ကျေးရွာများအား ၎င်းတို့ ပစ်ခတ်လိုသည့် အချိန်၌ ချက်ချင်း ပစ်ခတ်နိုင်ရန် ပြင်ဆင်ထားသည်ဟု ပြောသည်။

“ပစ်မှတ်နေရာမှာ ရွာအမည် အကွာအဝေး ဒီဂရီတွေကို တစ်ခါတည်းရေးထားတာ”ဟု ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့၏ အခြားတပ်စခန်းကုန်းများ၌လည်း ယခုကဲ့သို့ပင် လုပ်ဆောင်ထားမည်မှာလည်း သေချာကြောင်း ပြောပြသည်။

“ဒီလက်ခတ်တောင် တာဝါတိုင် စခန်းကုန်းက အဝေးက ကြည့်ရင် ဘုရားကုန်းသာသနာ့နယ်မြေလို့ ထင်ရပေမယ့် အပေါ်မှာတော့ ဆောက်ထားတဲ့ အဆောက်အဦးတွေက ဗျူဟာကုန်းတစ်ခုလိုပဲ”ဟု ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူးက ပြောသည်။

လက်ခတ်တောင်စခန်းနေရာသည် စစ်ရေးဗျူဟာအရ အရေးပါသည့် နေရာဖြစ်ကြောင်း၊ လက်ခတ်တောင် စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းများ အပါအဝင် စစ်အသုံးအဆောင်များကို သိမ်းဆည်းရရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်အနေဖြင့် KNU နယ်မြေများ အထူးသဖြင့် KNU တပ်မဟာ(၆)၊ တပ်မဟာ(၅)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများ၌ ဒေသတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook