Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ် ညောင်ကန်ရွာ စစ်တပ်စီးနင်းပြီး ဗကသရဲဘော်သုံးဦးနှင့် ပြည်သူများ သတ်ဖြတ်သွားဟုဆို

ယနေ့ နံနက် ၄နာရီခန့်က အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်ကန်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဘုတလင်မြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတာဝန်ယူထားသူသုံးဦးအား သတ်ဖြတ်ခံခဲ့ရသည်။

(ဘုတလင်မြို့နယ်ရှိ ကျောင်းသားသမဂ္ဂရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ်)
(ဘုတလင်မြို့နယ်ရှိ ကျောင်းသားသမဂ္ဂရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ်)

▪️ကျေးရွာကိုလည်း ရွာလုံးကျွတ်မီရှို့ဖျက်ဆီးသွားဟု ဒေသခံပြော

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာ၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဌအပါအဝင် သုံးဦးနှင့် ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နံနက် ၄နာရီခန့်က အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်ကန်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဘုတလင်မြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတာဝန်ယူထားသူသုံးဦးအား သတ်ဖြတ်ခံခဲ့ရသည်။

ထို့အပြင် ပြည်သူများလည်း သတ်ဖြတ်ခံရပြီး ညောင်ကန်တစ်ရွာလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ဗကသရဲဘော်ကတော့ သုံးဦးပါ။ ပြည်သူတွေထဲက အသတ်ခံရသူ အဖမ်းခံရသူတွေ ရှိတယ်။ အတည်ပြုနေဆဲပါပဲ။ စစ်ကြောင်းထိုးတာမျိုးထက် ပြောက်ကျားဝင်ရောက်စီးနင်းတာမျိုးဆိုတော့ ရန်သူဝင်လာတာကို ပြည်သူတွေရော ရဲဘော်တွေရော မသိလိုက်တာပါ။”ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။ အသတ်ခံရသည့် ပြည်သူများအား စာရင်းအတည်ပြုနေဆဲဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စိတပ်က စိုင်ပြင်လေးကျေးရွာကို ဝင်ရောက်စီးနင်းပြီး စာသင်ကျောင်းနှင့် ဆိုင်ကယ်များကို မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

“ဖက်ဆစ်တပ်က သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်မျိုးတွေကို လုပ်သွားတဲ့အပေါ် ကျနော်တို့အနေနဲ့ များများစားစား ပြောစရာမရှိပါဘူး။ တော်လှန်ရေးသမားကို သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်မှာမဟုတ်ဘူး”ဟု ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင်က ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်၏ ရဲဘော် ၁၇ဦးအထိကျဆုံးခဲ့ရသော်လည်း ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။