Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်ရှိ ရှိမ်းမကားရဲစခန်းအား ကာကွယ်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်

ယနေ့(ဇူလိုင် ၂၉ ရက်)က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရဲစခန်းအား ဒရုန်း သုံးစီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရှိမ်းမကားတိုက်နယ်တာဝန်ခံက ပြောသည်။

ဝက်လက်နယ်ရှိ ရှိမ်းမကားရဲစခန်းအား ကာကွယ်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်
ဝက်လက်နယ်ရှိ ရှိမ်းမကားရဲစခန်းအား ကာကွယ်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားရဲစခန်းအား ကာကွယ်ရေးအဖွဲ့ လေးဖွဲ့ပူးပေါင်းပြီး ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ရှိမ်းမကားတိုက်နယ်တာဝန်ခံက ပြောသည်။

ယနေ့(ဇူလိုင် ၂၉ ရက်)က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရဲစခန်းအား ဒရုန်း သုံးစီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရှိမ်းမကားတိုက်နယ်တာဝန်ခံက ပြောသည်။

စစ်အုပ်စုထိခိုက်မှုရှိ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ရဲဘော်တစ်ဦး ထိခိုက်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“လွန်ခဲ့တဲ့ရက်တွေက စစ်ဗိုလ်က အရက်သေစာသောက်စားပြီး ရှိမ်းမကားကျေးရွာထဲမှာရှိတဲ့ပြည်သူတွေကို လမ်းမှာတွေ့တဲ့သူတွေကို စစ်တယ်။ မူးပြီး ပြောဆိုတယ်။ သေနတ်နဲ့ပစ်သတ်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်မှုတွေပြုလုပ်တယ်။ စျေးဆိုင်တချို့ကိုလည်း အခွန်အဖြစ် ကျပ်သုံးသိန်းအထိ တောင်းခံနေတယ်။”ဟု ရှိမ်းမကားတိုက်နယ်တာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ရှိမ်းမကားတိုက်နယ်အဖွဲ့ဦးဆောင်ကာ စိန်ပန်းနီနီ ဒရုန်းတပ်ဖွဲ့ ၊People’s Servant Revolution(WetLet) ဒရုန်းတပ်ဖွဲ့ ၊ လျှပ်စီးပြောက်ကျား ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ရှိမ်းမကားရဲစခန်းရှိ စစ်အုပ်စုသည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်ညကလည်း ရှိမ်းမကား‌ရွာအတွင်းရှိ စည်ပင်သာယာဈေးဆိုင်ခန်းများနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်းနှင့် နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။