Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် ကျေးရွာမီးရှို့ဖျက်ဆီးလာသည့်စစ်တပ်အား ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက်

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ည ၇ နာရီခန့်တွင် ကျီကုန်းကျေးရွာကို ထပ်မံမီးရှို့နေစဥ် ရှော့တိုက်ဒုန်း သုံးလုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(ရန်ကုန်မြို့တွင် ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)မှ စစ်သားအချို့။ ဓာတ်ပုံ − EPA/EFE)
(ရန်ကုန်မြို့တွင် ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)မှ စစ်သားအချို့။ ဓာတ်ပုံ − EPA/EFE)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးလာသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲ၏ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောသည်။

ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီကျော်က မြောင်မြို့နယ်ရှိ ရွှေပေါက်ပင်ကျေးရွာ မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ရှော့တိုက်ဒုန်း ရှစ်လုံး၊ (၆၀)မမ လက်လုပ်စိန်‌ပြောင်းဖြင့် ၁၅ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ၏ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောသည်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ည ၇ နာရီခန့်တွင် ကျီကုန်းကျေးရွာကို ထပ်မံမီးရှို့နေစဥ် ရှော့တိုက်ဒုန်း သုံးလုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement
Public Service Announcement

ကင်းထောက်ရဲဘော်များက အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်ကြောင်းက မြောင်မြို့ပေါ်ကနေ စစ်ကြောင်းသုံးကြောင်းခွဲပြီးထွက်လာတာ။ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းကတော့ ရွာနှစ်ရွာကို မီးရှို့ခဲ့တဲ့စစ်ကြောင်းပါ။ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေဘက်ကနေ ပထမအကြိမ် ပစ်တာကရွှေပေါက်ပင် ကို မီးရှို့ပြီး အနောက်ဘက်က ကျီကုန်းရွာဘက်က ဆက်လက်ထွက်ခွာလာချိန် စပစ်တာ။ ဒုတိယ အကြိမ်ကတော့ ကျီကုန်းရွာကို မီးရှို့နေချိန် ညနေ ၇နာရီကျော်ကျော်လေးမှာ စပစ်တာပါ။”ဟု လျှပ်စီးတပ်ခွဲ၏ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား အောင်မြင်စွာ လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃)၊ MRA (မြောင်မြို့နယ် တော်လှန်ရေးတပ်)၊ ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊မုံရွာခရိုင် တပ်ရင်း -၂၇တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ (ဇူလိုင် ၃ဝရက်)ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။