Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ ရေကြောင်းနှင့် ကုန်းကြောင်း စစ်ကြောင်းများကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီရေယာဉ်နှစ်စီးသည် ယနေ့ နံနက် ၁၀နာရီခန့်တွင် ကျောက်မှော်ကျေးရွာသို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)

စစ်ကိုင်းတိုင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ရေကြောင်းနှင့် ကုန်းကြောင်း စစ်ကြောင်းများကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယင်းမာပင်မြို့နယ်သို့ရောက်ရှိလာသော စစ်ကောင်စီ ရေယာဉ်အုပ်စုတစ်စုသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဖက်သို့ ယနေ့ နံနက်ကစတင်ထွက်ခွာနေပြီး ပြီးခဲ့သည့် တစ်ပတ်က ဒေသခံ အစုလိုက်၊ အပြံလိုက်အသတ်ခံခဲ့ရသည့် စုန်းချောင်းရွာအပါအဝင် ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့မှ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

“အလုံမင်းထောင့်ဆိပ်ကမ်းကနေ စထွက်နေပြီ။ ဒီမနက် သံခွန်နှစ်စီးစထွက်တယ်။ မြစ်ကမ်းဘေးကနေ ခြေလျင်စစ်ကြောင်းက လုံခြုံရေးယူပေးပြီး ဘေးရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ပြေးနေကြရတယ်”ဟု ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းအတိုင်း မောင်းနှင်လာပြီး ချင်းတွင်းမြစ်အတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ယင်းမာပင်မြို့ ဆိပ်ကမ်းတွင် ရက်အနည်းငယ်အကြာ ရပ်တန့်ထားပြီးနောက် ယနေ့ နံနက် ၇နာရီတွင် ချင်းတွင်းမြစ်အထက်ဘက်သို့ စတင်ထွက်ခွာခြင်းဟု သတင်းရရှိသည်။ ယနေ့ထွက်ခွာနေသည့် စစ်ကောင်စီရေယာဉ် နှစ်စီးနှင့် ခြေလျင်စစ်ကြောင်းကြောင့် စုန်းချောင်း ၊ စည်သူ ၊ သံဘို၊ ပန်းတိမ်ပြင်၊ ကျောက်မှော်ရွာများအပါအဝင် မြစ်ကမ်း‌ဘေးကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

စုန်းချောင်းရွာသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်က စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးရဲဘော် သုံးဦးနှင့် အရပ်သား စုစုပေါင်း ၁၄ဦး သေဆုံးခဲ့ရသည်။

စစ်ကောင်စီရေယာဉ်နှစ်စီးသည် ယနေ့ နံနက် ၁၀နာရီခန့်တွင် ကျောက်မှော်ကျေးရွာသို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပုလဲမြို့နယ်တွင်လည်း အင်မထီးပျူစောထီးကျေးရွာတွင် ညအိပ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက်ခင်းပိုင်းတွင် စစ်ကြောင်းပြန်ထွက်လာ၍ သာယာကုန်း၊ဦးနှောက်၊ကိုင်းတွင်း၊သရက်ကန်၊တလိုင်းကန်၊ညောင်ရင်းကုန်း၊မဲဇရပ်၊မင်းတိုင်ပင် ၊ရွာသစ်နှင့် သာစည်ကျေးရွာများရှိ ဒေသခံ ပြည်သူ ၆,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

“ဒီကနေ့မနက် အင်မထီးရွာ အနောက်ဘက်ကိုစစ်ကြောင်းထိုးလာတယ်။ ကန့်ဒေါင့်စခန်းထဲဝင်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား သက်ဆိုင်ရာရပ်ကျေးများ၊ ပအဖ၊ပကဖများက ဦးဆောင်ပြီး ပြည်သူများနှင့်ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ၊Western Chindwin Association (WCA) အဖွဲ့တို့ ပူးပေါင်းကာ နေထိုင်စားသောက်ရေး စီစဥ်ပေးနေကြောင်း ပုလဲ(ပအဖ)က ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ပြည်သူပိုင်ပစ္စည်းများ လုယက်ခြင်း၊ ခိုးယူခြင်းများကိုလည်း ပြုလုပ်နိုင်သောကြောင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအနေဖြင့် သတိထား နေထိုင်သွားလာရန် ပုလဲ(ပအဖ)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို