Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးမှာ လုံးဝ ပါဝင်ခွင့်မရှိတော့တဲ့စစ်တပ်တည်ဆောက်ဖို့ အပါအဝင် KNUရဲ့ နိုင်ငံရေးရည်မှန်းချက် ၄ ရပ်ကို ထပ်လောင်းအသိပေး

KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမူးကရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကြာ သက်ဆိုးရှည်လာခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ မဖြေရှင်းခဲ့တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာကြီးရဲ့ အထွဋ်အထိပ်သာလျင် ဖြစ်တယ်ဟု အသိပေးခဲ့ပါတယ်။

KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမူး
KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမူး

ကရင်အမျိုးသားအစည်းအရုံး(KNU) က အဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက် ၄ရပ်ကို ယမန်နေ့က ပြုလုပ်တဲ့ KNU ရဲ့ ၁၇ကြိမ်မြောက် ကွန်ကရက်အပြီး ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းရှင်းလင်း အသိပေး ပြောကြားလိုက်ပါတယ်။

KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမူးကရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကြာ သက်ဆိုးရှည်လာခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ မဖြေရှင်းခဲ့တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာကြီးရဲ့ အထွဋ်အထိပ်သာလျင် ဖြစ်တယ်ဟု အသိပေးခဲ့ပါတယ်။

“ဒါကြောင့် ဒီပြဿနာနဲ့ ဇစ်မြစ်ကို ထိထိမိမိ ဖြေရှင်းဖို့က အရေးကြီးဆုံးဖြစ်ပြီး အဲဒါက ဖက်ဒရယ်ဒီမို ကရေစီ နိုင်ငံထူထောင်ခြင်း နဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေမှုကနေ ထွက်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောပါတယ်။

KNUရဲ့ နိုင်ငံရေး ရည်မှန်းချက် ၄ ရပ် ချမှတ်ထားတဲ့အကြောင်းကိုလည်း ပဒိုစောတာဒိုမူက ​အောက်ပါအတိုင်းရှင်းလင်းပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KNLA တပ်ဖွဲ့ဝင်များ
KNLA တပ်ဖွဲ့ဝင်များ

“ပထမဆုံးတစ်ချက်ကတော့ မြန်မာ့နိုင်ငံရေးမှာ လုံး၀ ပါဝင်ခွင့်မရှိတော့တဲ့ စစ်တပ်ကို တည်ဆောက်ဖို့လိုတယ်။နံပါတ်နှစ်က ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ရေးဆွဲဖို့လိုတယ်။နံပတ်သုံးက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေကို သဘောတူ အကောင်အထည်ဖော်ဖို့လိုတယ်။နံပတ်လေးကတော့ နိုင်ငံသစ်ထူထောင်ရေးရဲ့အဆင့်တိုင်းမှာ နိုင်ငံတကာ ပါဝင်တဲ့ အခန်းကဏ္ဍကို သဘောတူ ပါဝင်စေဖို့ဖြစ်ပါတယ်။

အဲဒီ အချက်တွေကို လက်ခံတဲ့ စစ်တပ်ထဲက အရာရှိ အရာခံ အကြပ် တပ်သားတွေကို professional army ဖြစ်အောင် ပြုပြင်ပြောင်းလဲမှု လုပ်ရမှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို နိုင်ငံတကာ စောင့်ကြည့်မှု အောက်ကနေ သွားရမှာဖြစ်ပါတယ်။

ဒါကြောင့် ခေတ်ပြောင်း စနစ်ပြောင်း လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာလည်း နိုင်ငံတကာရဲ့ ပါဝင်မှုဟာ အရမ်းအရေးကြီးပြီးတော့ ကျနော်တို့ အတွေ့အကြုံအရ ဒါဟာ တကယ်လိုအပ်တာဖြစ်ပါတယ်။

ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးတပ်များနဲ့ PDF တပ်ဖွဲ့တွေကိုလည်း လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ခုလုံးရဲ့အောက်မှာ ပြန်လည်စုစည်းပြီး ပေါ်ပေါက်လာတဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နဲ့အညီ လုံခြုံရေးစနစ် အသစ်ရဲ့အောက်မှာ ပြန်လည်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရုံသာမကဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေနဲ့ညီတဲ့ ပိုမိုကောင်းမွန်တဲ့ ဥပဒေတွေ အုပ်ချုပ်ရေးယန္တရားတွေ တရားရေးစနစ်တွေနဲ့ အစားထိုးဖို့လည်း အရေးကြီးလိုအပ်ပါတယ်။သန္ဓေမှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ဖို့က ယခု တော်လှန်ရေးကာလ သို့မဟုတ် ကြားကာလကတည်းက စတင်ကြရမှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ နိုင်ငံတည်ဆောက်ခြင်းကို အပေါ်ကနေ Top Down ချုပ်ကိုင်ချယ်လှယ်ပြီး ဆောင်ရွက်လာခဲ့တဲ့အလုပ်မဖြစ်တဲ့ သာဓကတွေအောက်ကနေ ကျနော်တို့ အားလုံး ဖောက်ထွက်ပြီးတော့ ကျနော်တို့ အားလုံး ဘ၀နဲ့ ရင်းပြီး အတွေ့အကြုံတွေ ရယူခဲ့ကြပြီးဖြစ်တယ်ဆိုတာကိုလည်း ပြောကြားရင်း ဒီနေ့ အောက်ခြေကနေပြီးတော့ အုပ်မြစ်ခိုင်ခိုင်တည်ဆောက်ဖို့ အရေးကြီးတယ်ဆိုတာလေးကို ပြောကြားလိုပါတယ်။ဒီစစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ​ရေးသ​ဘောတူညီမှု- Nationwide Ceasefire Agreement လို့ခေါ်တဲ့ NCA လည်း ပျက်ပြယ်သွားပြီဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောကြားလိုပါတယ်” ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။