Connect with us

Hi, what are you looking for?

သတင်း

ဗမာလူမျိုးအများစုပါဝင်လာ၍ တော်လှန်ရေး အောင်မြင်ခြင်းသို့ရောက်မည်ဟု လုံးဝယုံကြည် ကြောင်း ကရင်နီစစ်ဦးစီးချုပ်ပြော

ကရင်နီပြည်တပ်မတော် ၊KNDF ၊KPDF များကို စေတနာအပြည့်နှင့် ကူညီပံ့ပိုးထောက်ပံ့နေကြသော ပြည်တွင်း၊ပြည်ပရှိ တော်လှန်ရေးဘက်တော်သားများ ရဟန်းရှင်လူမိဘပြည်သူနှင့် လူမှုအဖွဲ့အစည်းများအား ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

(ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်အား တွေ့ရစဉ်)
(ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်အား တွေ့ရစဉ်)

မြန်မာနိုင်ငံ၌ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးတွင် ပါဝင်တော်လှန်လာကြပြီဖြစ်သော ကြောင့် တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ရောက်ရှိမည်ဟု လုံး၀ယုံကြည် ကြောင်း ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က ပြောကြားသည်။

ယနေ့(ဩဂုတ် ၁၇ရက်)တွင် ကျရောက်သည့် (၇၅)နှစ်မြောက် ကရင်နီတပ်မတော်နေ့တွင် ဗိုလ်မှူးချုပ်အောင်မြတ်၏ အမှာစကား၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တော်လှန်ရေးမအောင်မြင်လျင် သားစဉ်မျိုးဆက် ခုနစ်ဆက် ကျွန်ကဲ့သို့ရုန်းရမည်ဟု အတက်ပြောရဲပါသည်။ ထို့ကြောင့် ကိုယ်ကျိုးအတ္တစိတ်တွေ ခေတ္တဥပေက္ခာပြုပြီး တပ်မှူးများမှ ဦးဆောင်လမ်းပြပေးပါရန် နှင့် စည်းလုံးညီညွတ်ကြပါရန် အထူးမှာကြားလိုပါသည်”ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။

ကရင်နီပြည်တပ်မတော် ၊KNDF ၊KPDF များကို စေတနာအပြည့်နှင့် ကူညီပံ့ပိုးထောက်ပံ့နေကြသော ပြည်တွင်း၊ပြည်ပရှိ တော်လှန်ရေးဘက်တော်သားများ ရဟန်းရှင်လူမိဘပြည်သူနှင့် လူမှုအဖွဲ့အစည်းများအား ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်သည် သေးငယ်သော်လည်း ရန်သူများ အဆမတန်အင်အားများဖြင့် စစ်ဆင်လာသော်လည်း နောက်ဆုံးတပ်ပျက်သွားကြောင်း ၎င်းက ဆိုသည်။

ရန်သူ့၏ အခြေအနေမကောင်းတော့သည်ကို မြေပြင်တွင်ရှိနေသော တပ်မှူး၊ တပ်သားများ ပိုတွေ့မြင်ရမည်ဖြစ်ကြောင်းလည်း ကရင်နီတပ်မတော် စစ်ဦးစီးချုပ်က ပြောသည်။

စစ်အာဏာရှင် ပြုတ်ကျရေးအတွက်လည်းကောင်း၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက်လည်းကောင်း တော်လှန်ရေးတိုက်ပွဲဆင်နွှဲရာတွင် ကရင်နီဟူသော အမည်တစ်ခုတည်း၏ အောက်တွင်ရှိလျင် စည်းလုံးညီညွတ်ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ အောင်မြင်တော့မည်ဖြစ်သော်လည်း ရန်သူကို အထင်မသေးရန်နှင့် အထင်မကြီးရန်လိုအပ်ကြောင်း ပြောသည်။

လက်ရှိအခြေအနေတွင် ကရင်နီတပ်မတော်အပါအဝင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် မြို့နယ်၊ဒေသ ကာကွယ်ရေးတပ်များသည် ကရင်နီပြည်သူပြည်သားများ၏ အားကိုးအားထား၍ ယုံကြည်ရသောတပ်ဖွဲ့များဖြစ်ကြောင်း၊ ပြည်တစ်ခု နယ်တစ်ခု ဒေသတစ်ခု၏ ကိုယ်စားပြုမှုကို ရရှိလာသည်နှင့်အမျှ ဆက်လက်၍ ကြိုးစားသွားကြပါရန် ကရင်နီတပ်မတော် စစ်ဦးစီးချုပ်က မှာကြားသည်။

ကျဆုံးသွားကြသော မိမိသွေးသောက် ရဲဘော်ရဲဘက်၏ ဝိညာဉ်နှင့်အသက်ပေးကြသော ပြည်သူပြည်သားများ၏ မျက်နှာထောက်ရှုကြရန် မြို့ပျက်၊ရွာပျက်၊အိမ်ပျက်၊ ဘ၀ပျက်သွားသော လူထုမျက်နှာငဲ့ကြည့်ပါရန် ၎င်းက ပြောကြားပြီး နိုင်ငံရေး အချောင်သမားများ၊ဘာသာရေး အချောင်သမားများအား မယုံကြည်ရန် သတိပေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။