Connect with us

Hi, what are you looking for?

သတင်း

သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ၏ဟွေအွမ်တပ်စခန်းကို ကရင်နီတပ်မတော် စီးနင်းတိုက်ခိုက်

ဖြစ်စဉ်တွင် ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သည့် (၆၀) မမ တစ်လက်၊ စနိုက်ဘာတစ်လက်၊ MA-1 တစ်လက်၊ MA- 2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း ခြောက်လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

((၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကို ကရင်နီတပ်မတော် (KA)က ၂၀၂၂ အောက်တိုဘာ၂၂ ရက်တွင် ပြုလုပ်နေစဥ်။ ဓာတ်ပုံ - KA)
((၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကို ကရင်နီတပ်မတော် (KA)က ၂၀၂၂ အောက်တိုဘာ၂၂ ရက်တွင် ပြုလုပ်နေစဥ်။ ဓာတ်ပုံ - KA)

▪️စစ်ကောင်စီတပ်သားအလောင်းခြောက်လောင်းနှင့် လက်နက်များရရှိဟု ပြော

ကရင်နီတပ်မတော်(KA) ကွန်မန်ဒိုတပ်ဖွဲ့က စစ်ကောင်စီစခန်းတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက် ရာ စစ်ကောင်စီတပ်သားအလောင်း ခြောက်လောင်းနှင့် လက်နက်များရရှိကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)က ယနေ့ ထုတ်ပြန်သည်။

သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နှင့် ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးတွင် အခြေပြုလျက်ရှိသော စစ်ကောင်စီ၏ ရှေ့တန်းခလရ(၅၄)တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးတွဲထိုင်သော ဟွေအွမ်တပ်စခန်းကို ယမန်နေ့(မတ်လ ၆ရက်)က ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဉ်တွင် ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သည့် (၆၀) မမ တစ်လက်၊ စနိုက်ဘာတစ်လက်၊ MA-1 တစ်လက်၊ MA- 2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း ခြောက်လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ကျန်သူများမှာ စခန်းမှထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

“ခလရ(၅၄)ရဲ့ တပ်ခွဲစခန်းတစ်ခုပါ။မနေ့က မနက် ၆ နာရီလောက်မှာ ဝင်စီးတယ်။တိုက်ပွဲက နာရီဝက်လောက်ကြာတယ်”ဟု ကရင်နီတပ်မတော် တာဝန်ရှိသူက ပြောသည်။

ခလရ(၅၄)သည် သံလွင်မြစ် အရှေ့ဖက်ခြမ်းတွင် လွန်ခဲ့သော ၂၀၂၀နောက်ပိုင်း ကတည်းက ရောက်ရှိခဲ့ပြီး ဟွေအွမ်စစ်ဒေသတွင် စခန်းငယ်(၄)ခု ပြန့်ကြဲ၍ အထိုင်စခန်းဖြင့် လှုပ်ရှားရသည့် တပ်ရင်း ဖြစ်သည်။

နယ်စပ်အနီး စခန်းထိုင်လှုပ်ရှားနေသော ရှေ့တန်း ခလရ(၁၃၄)နှင့်(၁၃၅)တို့လည်း လိုအပ်လျှင်လိုအပ်သလို အင်အားဖြည့်ပေးရလျက်ရှိကြောင်း KMIC က အသိပေးသည်။

ထိုသို့ အခြားတပ်ရင်းများကို ရိက္ခာနှင့်လက်နက်ခဲယမ်း ပို့ဆောင်ရေး အစီအစဉ်များတွင် ကူညီ ဆောင်ရွက်ပေးရသဖြင့် တပ်ရင်းအခြေပြုစခန်းများတွင် အင်အားချိနဲနေချိန် ယခုကဲ့သို့ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။