Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာမယ့် သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်နိုင်ဖို့ ထိုင်းလွှတ်တော် မျှော်လင့်

MFPဟာ မဟာမိတ်ဟောင်း ဖြစ်ခဲ့ပြီးမှ ဘက်ပြောင်းသွားတဲ့ PTPရဲ့ အဆိုပြု ဝန်ကြီးချုပ်လောင်းကို လွှတ်တော်မှာ ထောက်ခံမဲ ပေးတော့မှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။ MFPဟာ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဆရက်သာ သာဗီဆန်ကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုထားပါတယ်။

လာမယ့် သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်နိုင်ဖို့ ထိုင်းလွှတ်တော် မျှော်လင့်
လာမယ့် သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်နိုင်ဖို့ ထိုင်းလွှတ်တော် မျှော်လင့်

လာမယ့် သီတင်းပတ်မှာ ထိုင်းဝန်ကြီးချုပ် အသစ်ကို ရွေးချယ် တင်မြှောက်နိုင်ဖို့အတွက် ထိုင်းလွှတ်တော်က လမ်းဖွင့်ပေးလိုက်ပြီး နိုင်ငံရေးအရ မတင်မကျ ဖြစ်နေမှုတွေကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ထိုင်းမှာ မေလလယ် ရွေးကောက်ပွဲအပြီး ၃ လလောက် ကြာမြင့်လာတဲ့ထိ ဝန်ကြီးချုပ်သစ် မတင်မြှောက်နေသေးဘဲ အိမ်စောင့် အစိုးရက တာဝန်ယူ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဩဂုတ် ၁၆ ရက်မှာတော့ ထိုင်းလွှတ်တော်က လာမယ့် သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ် တစ်ဦးကို အဆိုပြုပြီး မဲခွဲဆုံးဖြတ်မှု ခံယူမယ်လို့ အတည်ပြု ကြေညာလိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ထိုင်းရွေးကောက်ပွဲမှာ ဒုတိယ မဲအရေအတွက် အများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)က ဦးဆောင်ပြီး ဝန်ကြီးချုပ်သစ်ကို အဆိုတင်သွင်းဖို့ ရှိနေပါတယ်။ PTPဟာ မူလတုန်းက ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ Move Forwardပါတီ (MFP)နဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ စီစဉ်ခဲ့ရာက နောက်ပိုင်းမှာ လမ်းခွဲပြီး PTPရဲ့ ပြိုင်ဘက် ကွန်ဆာဗေးတစ် ပါတီတွေ၊ PTPကို မလိုလားကြောင်း အထင်အရှား ပြသထားပြီး ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမှုတွေနဲ့ ဝန်ကြီးချုပ်သစ် တင်မြှောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

MFPရဲ့ ခေါင်းဆောင် ဖီထာ လင်ဂျရွန်ရတ်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ရွေးကောက်ခံ အမတ်အဖြစ်ကနေ ဆိုင်းငံ့ထားတဲ့ကိစ္စကို ပါတီက အယူခံဝင်မှု ပယ်ချခံရပြီး နာရီပိုင်း အကြာမှာပဲ လွှတ်တော်က ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မယ့် ကိစ္စကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ MFPဟာ ဝန်ကြီးချုပ်သစ် တင်မြှောက်ရေး မျှော်လင့်ချက်ကို လုံးဝဥဿုံ စွန့်လွှတ်လိုက်ရတဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

MFPဟာ မဟာမိတ်ဟောင်း ဖြစ်ခဲ့ပြီးမှ ဘက်ပြောင်းသွားတဲ့ PTPရဲ့ အဆိုပြု ဝန်ကြီးချုပ်လောင်းကို လွှတ်တော်မှာ ထောက်ခံမဲ ပေးတော့မှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။ MFPဟာ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဆရက်သာ သာဗီဆန်ကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုထားပါတယ်။

MFPဟာ ရွေးကောက်ပွဲမှာ အံ့ဩစရာ ရလဒ်တွေကို ယူဆောင်ပြခဲ့ပြီး နာမည်ကြီး PTPထက် လူထုထောက်ခံမှုကို ပိုမိုရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းဘုရင်စနစ်ကို အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ ဥပဒေ တစ်ခုကို ပြင်ဆင်ဖို့ MFPက ရည်ရွယ်ထားတာကြောင့် ကွန်ဆာဗေးတစ် အများစု ပါဝင်တဲ့ အထက်လွှတ်တော် အမတ်တွေက MFP ခေါင်းဆောင် ဖီထာ ဝန်ကြီးချုပ် ဖြစ်မလာဖို့ တင်းတင်းမာမာ ဝိုင်းဝန်း ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။