Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့နယ် မြလယ်ရွာအနီး စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ယနေ့ (ဩဂုတ် ၁၈ရက်) နံနက် ၄နာရီခွဲတွင် တစ်ကြိမ်၊၄နာရီ ၄၅မိနစ်ခန့်တွင် တစ်ကြိမ် တိုက်လေယာဉ် နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြုနေသော ရုရှားထုတ် YAK-130 တိုက် လေယာဥ်။ ဓာတ်ပုံ-စစ်ကောင်စီ)
(စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြုနေသော ရုရှားထုတ် YAK-130 တိုက် လေယာဥ်။ ဓာတ်ပုံ-စစ်ကောင်စီ)

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ မြလယ်ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဩဂုတ် ၁၈ရက်) နံနက် ၄နာရီခွဲတွင် တစ်ကြိမ်၊၄နာရီ ၄၅မိနစ်ခန့်တွင် တစ်ကြိမ် တိုက်လေယာဉ် နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မွန်းလွဲ ၁နာရီခန့်တွင်လည်း တိုက်လေယာဉ် တစ်စီးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်လာကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရေကြောင်း ရှင်းလင်းရေးလုပ်တယ်လို့ ယူဆရ” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က လေကြောင်းတိုက်ခိုက်မှုအပေါ် သုံးသပ်သည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်သို့ စစ်လက်နက်ရိက္ခာအင်အား ဖြည့်တင်းရန် ရေကြောင်းအသုံးပြု လျက်ရှိသည်။ စစ်ကောင်စီက သင်္ဘော ၉စီးဖြင့် မန္တလေးမှ ဗန်းမော်မြို့သို့ လာရောက်လျက်ရှိရာ ယခုရက်ပိုင်းတွင် ဗန်းမော်မြို့နယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါ စစ်ကောင်စီ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကလည်း ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။