Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးဆောင်ရွက်မှသာ မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်မည်

လူမှုရေးဘဝ သာယာဝပြောမှုသည် လုံးဝဥဿုံ ပျက်စီးနေပြီး ယခင်က ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများအားလုံးသည်လည်း ပြောင်းပြန် အခြေအနေသို့ ရောက်ရှိနေကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)

▪︎ကုလသမဂ္ဂ ပင်မကော်မတီ အစည်းအဝေးများသို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်တက်ရောက်နေ

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်းတို့ကသာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပြောသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် (၇၈) ကြိမ်မြောက် အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုများ(General Debate)ကျင်းပပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပင်မကော်မတီများ၏ အစည်းအဝေးများကို စတင်ကျင်းပပြုလုပ်လျက်ရှိရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တက်ရောက်နေခြင်းဖြစ်သည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)

မြန်မာနိုင်ငံတွင် ၂၀၂၁ တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် လူအများ ယနေ့တိုင် ဒုက္ခရောက်လျက်ရှိပြီး အထူးသဖြင့် စစ်တပ်သည် ပြည်သူများအပေါ် စစ်မက်ပြုနေသောကြောင့် လူအများသည် ရင်နင့်ဖွယ်အခြေအနေများကို ယနေ့ တိုင် နေ့စဉ်ရင်ဆိုင်နေကြရကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂ တတိယကော်မတီ၌ ပြောသည်။

လူမှုရေးဘဝ သာယာဝပြောမှုသည် လုံးဝဥဿုံ ပျက်စီးနေပြီး ယခင်က ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများအားလုံးသည်လည်း ပြောင်းပြန် အခြေအနေသို့ ရောက်ရှိနေကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မကြာသေးမီက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြောပြ၍ပင် မရနိုင်အောင် ဆိုးရွားသော ကြေကွဲဖွယ် အခြေအနေများကို အပြီးတိုင် ရပ်တန့်ရန် ထိရောက်ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် တောင်းဆိုထားရာ သံအမတ်ကြီးက ၎င်း၏ ပြောဆိုချက်ကို အပြည့်အဝ ထောက်ခံကြောင်း ပြောသည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံအကျပ်အတည်းအား ဖြေရှင်းရန် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များကို ချမှတ်နိုင်ခြင်း မရှိသဖြင့် မြန်မာပြည်သူများက ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများအပေါ် ယုံကြည်မှုအားကိုးမှုများ လျော့နည်းလာကြောင်းလည်း သံအမတ်ကြီးက ထောက်ပြသည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်​ပြောကြား​နေစဥ် ။ ဓါတ်ပုံ- PMOMTTUN)

စစ်တပ်သည် စာသင်ကျောင်းများနှင့် ဆေးရုံများ အပါအဝင် လူအများနေထိုင်သည့် နေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲခြင်းများကို ဆက်လက် ကျူးလွန်နေပြီး ကလေးငယ်များသည် လိုအပ်သည့် ပညာသင်ယူမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အချို့ကလေးငယ်များ စာသင်နေချိန်၌ပင် ဗုံးဒဏ်ကို ရှောင်ရှားရန် ဗုံးခိုကျင်းများတွင် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပုန်းအောင်းရှောင်ရှား စာသင်နေရသည့် အခြေအနေမျိုးရှိခဲ့ကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

မြန်မာနိုင်ငံအရေးကိစ္စသည် ပြည်တွင်းရေး မဟုတ်ဘဲ ရှုပ်ထွေးခက်ခဲလှသည့် အခြေအနေများသည် ဒေသတွင်းနိုင်ငံများသို့ ရိုက်ခတ်လျက်ရှိကြောင်းနှင့် ရိုဟင်ဂျာများကို လက်ခံထားသည့် အိမ်ရှင်နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရကြောင်း သံအမတ်ကြီးက ပြောသည်။

အရေးပါဆုံး အချက်အနေဖြင့် စစ်အာဏာရှင်များမှ ၎င်းတို့ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှု များကို ရပ်တန့်ရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်အောက် ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရမှ တဆင့် တိုင်းပြည်အာဏာကို ပြည်သူ့လက်ဝယ်သို့ ပြန်လည်အပ်နှင်းရမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

ထိုသို့ ဖြစ်ပေါ်လာစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအား ချန်လှပ်မထားဘဲ ခိုင်မာ၍ ထိရောက်သော ကူညီထောက်ပံ့မှုများကို မြန်မာပြည်သူများထံသို့ ပေးအပ်ရန် လိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။