Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ဆိုင်း​တောင်ရွာတိုက်ပွဲတွင် ပြည်သူတစ်ဦးကျည်ထိမှန်​သေဆုံး

ဆိုင်းတောင်ကျေးရွာတွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အောက်တိုဘာလ ၃ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှ စ၍ ညပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

(ရွာအတွင်းဖြစ်ပွား​သောတိုက်ပွဲတွင် လက်နက်ကြီးကျပြီး မီး​လောင်ပျက်စီးသွား​သောအ​ဆောက်အအုံ။ ဓါတ်ပုံ-CJ)
(ရွာအတွင်းဖြစ်ပွား​သောတိုက်ပွဲတွင် လက်နက်ကြီးကျပြီး မီး​လောင်ပျက်စီးသွား​သောအ​ဆောက်အအုံ။ ဓါတ်ပုံ-CJ)

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအတွင်း ယမန်နေ့က တိုက်ပွဲတွင် ပြည်သူတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ယနေ့နံနက်တွင်လည်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံများကပြောသည်။

ဆိုင်းတောင်ကျေးရွာတွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အောက်တိုဘာလ ၃ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှ စ၍ ညပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သလို ဆိုင်းတောင်ရပ်ကွက်ထဲမှ အသက် ၃၀အရွယ်ခန့်အမျိုးသားတစ်ဦးမှာလည်း သေနတ်ကျည်ဆန်ထိမှန်​သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

(ရွာအတွင်းဖြစ်ပွား​သောတိုက်ပွဲတွင် လက်နက်ကြီးကျပြီး မီး​လောင်ပျက်စီးသွား​သောအ​ဆောက်အအုံ။ ဓါတ်ပုံ-CJ)
(ရွာအတွင်းဖြစ်ပွား​သောတိုက်ပွဲတွင် လက်နက်ကြီးကျပြီး မီး​လောင်ပျက်စီးသွား​သောအ​ဆောက်အအုံ။ ဓါတ်ပုံ-CJ)

ဆိုင်းတောင်ဒေသခံတစ်ဦးက “သေဆုံးတာက ကျတော့် သူငယ်ချင်းပါ။ ဘယ်ဖက်က ပစ်လိုက်တဲ့ ကျည်ဆန်လဲတော့ မသိပါဘူး။ မနေ့က တိုက်ပွဲမှာတော့ စစ်တပ်ဖက်က လမ်းထိပ်ကနေ ပရမ်းပတာပစ်နေတာပါ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သေနတ်ကျည်ဆန်ထိမှန် သေဆုံးသူ၏ နာရေးကို ယ‌နေ့(အောက်တိုဘာလ ၄ရက်) နေ့လည်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ဆိုင်းတောင်ကျေးရွာအတွင်း အရပ်ဝတ်ဖြင့်ရော ၊စစ်ယူနီဖောင်းဖြင့်ပါ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။

(ရွာအတွင်းဖြစ်ပွား​သောတိုက်ပွဲတွင် လက်နက်ကြီးကျပြီး မီး​လောင်ပျက်စီးသွား​သောအ​ဆောက်အအုံ။ ဓါတ်ပုံ-CJ)
(ရွာအတွင်းဖြစ်ပွား​သောတိုက်ပွဲတွင် လက်နက်ကြီးကျပြီး မီး​လောင်ပျက်စီးသွား​သောအ​ဆောက်အအုံ။ ဓါတ်ပုံ-CJ)

” ပစ်ခတ်သံ‌တော့ မကြားရသေးဘူး။ စစ်ကြောင်းထိုးမယ်လို့ သိရတယ်။ ဈေးထဲလည်း လူမရှိတော့ဘူး။ ကျောင်းတွေလည်း ပြန်လွှတ်တာတွေ ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်​နေ့တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်​ ​သေဆုံးမှုများရှိပြီး ၊စစ်​​ကောင်စီတပ်မှ ကားနှင့် လက်နက်ခဲယမ်းအချို့ကို KIAနှင့် PDF တို့က သိမ်းဆည်းရရှိခဲ့​ကြောင်း ​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။