Connect with us

Hi, what are you looking for?

သတင်း

ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊PDFပူးပေါင်းတပ် တိုက်ခိုက်

ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအ‌နေကို မသိရှိရသေးပေ။ စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရသူသုံးဦးမှာ ဖားကန့်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊PDFပူးပေါင်းတပ် တိုက်ခိုက်
ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊PDFပူးပေါင်းတပ် တိုက်ခိုက်

စစ်ကောင်စီက ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားသုံးဦးဒဏ်ရာရ

ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းကုန်းကို ကချင်လွတ်မြောက်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ရာ စစ်ကောင်စီက ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရရှ်ိခဲ့သည်။

ဆိုင်းတောင် ရဲစခန်းကုန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့(စက်တင်ဘာ ၃၀ရက်) ည ၁၀နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ရဲစခန်းဘက်ကနေ သေနတ်သံတွေထွက်လာပြီး မကြာခင်မှာပဲ စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ထုတာ။စန်းသီတာကုန်းက နေအိမ်တစ်လုံးပေါ် ကျပြီးပေါက်ကွဲတာ။ အိမ်ထဲက လူသုံးယောက်ဒဏ်ရာရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအ‌နေကို မသိရှိရသေးပေ။ စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရသူသုံးဦးမှာ ဖားကန့်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဖားကန့်ဒေသ၌ KIA၊PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုခံရသော စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် မတ်လ ၁၈ရက်က ဖားကန့်မြို့၊ လုံးခင်းကျေးရွာအနီးလမ်းဆုံတွင် စစ်ကောင်စီနှင့်ရဲကားကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ရဲသုံးဦး သေဆုံးခဲ့သည်။

ယင်းနေ့ ညနေတွင်ပင် တိုက်ခိုက်ခံရသည့်နေရာအနီး လူနေအိမ်များထဲက စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သားခြောက်ဦး သေဆုံးခဲ့သည်။ ထို့အပြင် လူနေအိမ်အများအပြားကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook