Connect with us

Hi, what are you looking for?

News

လွိုင်ကော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ရှစ်ဦးဒဏ်ရာရ၊ လူနေအိမ်များလည်း ပျက်စီး

”နမ့်ဘော်ဝမ်ဘက်က လူကြီးတစ်ယောက်သေသွားတယ်။လူကြီး သုံးယောက်နဲ့ ကလေးနှစ်ယောက်လည်း ဒဏ်ရာရတယ်”ဟု နမ့်ဘော်ဝမ်နေထိုင်သူ တစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးကာ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြေယသည်။

အောက်တိုဘာ ၆ရက်က လွိုင်ကော်မြို့တွင်း၌ လုံခြူုရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ညတွင် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များက လက်နက် ကြီးဖြင့် လူနေရပ်ကွက်များပေါ်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

”နမ့်ဘော်ဝမ်ဘက်က လူကြီးတစ်ယောက်သေသွားတယ်။လူကြီး သုံးယောက်နဲ့ ကလေးနှစ်ယောက်လည်း ဒဏ်ရာရတယ်”ဟု နမ့်ဘော်ဝမ်နေထိုင်သူ တစ်ဦးက ပြောသည်။

ထို့အပြင် လူနေရပ်ကွက်များဖြစ်သော ရေနီကန်နှင့် ဧက ၅၀၀ တို့တွင်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သူသုံးဦး ရှိသောကြောင့် စုစုပေါင်း ဒဏ်ရာရရှိသူ အမျိုးသားလေးဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်း ရှစ်ဦးဒဏံရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Cj)

ထို့ကြောင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးမှုအရေအတွက် ၈၀ ကျော်လာပြီဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကယားပြည်နယ်သို့ အင်အားအများအပြားကို ဖြည့်တင်းလျက်ရှိသောကြောင့် ဒေသခံသောင်းနှင့်ချီ၍ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Cj)

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook