Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ရန် KIO အဖွဲ့အား ယာယီသမ္မတ ပြော

တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ၏ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူသည်ဟုလည်း ပြောကြားခဲ့သည်။

စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ရန် KIO အဖွဲ့အား ယာယီသမ္မတ ပြော
စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ရန် KIO အဖွဲ့အား ယာယီသမ္မတ ပြော

“KIO အနေဖြင့် အနာဂတ်တွင်လည်း တိုင်းပြည်ကောင်းစားရေး၊ လူထုကောင်းစားရေးအတွက် ရှေ့ဆုံးမှ မားမားမတ်မတ် ဦးဆောင်နိုင်ပါစေ”

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အပါအဝင် မဟာမိတ်အင်အားစုများအကြား ပိုမိုပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အားစိုက်လုပ်ဆောင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ယနေ့ (အောက်တိုဘာ ၂၅ရက်)တွင် ကျရောက်သည့် KIOတည်ထောင်ခြင်း (၆၃) နှစ်ပြည့်သို့ ပေးပို့သည့် ယာယီသမ္မတ ဒူဝါလရှီးလ၏ ဂုဏ်ပြု အမှတ်တရစကား ၌ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဟာမိတ်အင်အားစုတွေကြား ပူးပေါင်းမှု ယခုထက်ပိုပြီး စစ်အာဏာရှင်စနစ် အဆုံးသတ် အမြစ်ဖြတ်နိုင်ရေး အတူတကွ အားစိုက် လုပ်ဆောင်သွားကြပါစို့။ KIO အနေဖြင့် အနာဂတ်တွင်လည်း တိုင်းပြည်ကောင်းစားရေး၊ လူထုကောင်းစားရေးအတွက် ရှေ့ဆုံးမှ မားမားမတ်မတ် ဦးဆောင်နိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ၏ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူသည်ဟုလည်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

“KIO တည်ထောင်သည့်နေ့ဟာ ကချင်လူမျိုးများအတွက်သာမက ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် ဂုဏ်ပြုထိုက်သည့်နေ့ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ စစ်ရေးအောင်မြင်မှုများကိုလည်း အလေးအနက်ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။

“KIA စစ်ဦးစီးချုပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့အတူ မဟာမိတ်တွေထံ လေးနက်သည့် ဂုဏ်ပြုမှတ်တမ်းတင်စာပေးပို့ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်ရသလို အထူး ကျေးဇူးတင် ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

KIA၊PDF အပါအဝင် မဟာမိတ်အင်အားစုများ ပူးပေါင်းပြီး နမ့်ဆန်ယန်ဒေသ တိုက်ပွဲများဆင်နွှဲလျက်ရှိရာ စစ်ကောင်စီတပ်ကို စစ်ရေးအရ အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပြီး အရေးပါသည့် စစ်ကောင်စီတပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

အောင်ဂျာဒေသ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲပြီးနောက် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်းက PDF အပါအဝင် မဟာမိတ်အင်အားစုများကို ဂုဏ်ပြုမှတ်တမ်းတင်သည့်စာပေးပို့ခဲ့ပြီး စစ်အာဏာရှင် တိုက်ဖျက်ရေး အတူဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

Facebook