Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တိုက်ပွဲ မြောက်ပိုင်းနှင့် ဟန်ချက်ညီ ဆင်နွှဲခြင်းဖြစ်ပြီး မြို့ကို ထိန်းထားနိုင်ရန် ရည်ရွယ်ဟု KNU သတင်းရင်းမြစ်ပြော

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာ ရုံးနေရာများကို KNU ပူးပေါင်းတပ်က ယနေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

(KNU/KNLA မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KNU/KNLA မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်က ကော့ကရိတ်မြို့ပေါ်တိုက်ပွဲများကို ယနေ့နံနက်က ဖော်ဆောင်ခဲ့ရာ မြို့ကိုထိန်းထားနိုင်ရန် ရည်ရွယ်ပြီး မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ဟန်ချက်ညီ ဆင်နွှဲခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာ ရုံးနေရာများကို KNU ပူးပေါင်းတပ်က ယနေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ကရင်သတင်းဌာန KIC၏ ဖော်ပြချက်အရ ကြာအင်းကုန်း၊ တံတားဦး၊ ရုံးကုန်းနေရာများ စသည့် စစ်ကောင်စီတပ်စွဲရာနေရာများ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်ရင်း ခလရ(၉၇) အနောက်ဘက် ဂေါက်ကွင်းဘေးနေရာရှိ စစ်ကောင်စီ လက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး နှစ်ခုကို မီးရှို့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မြို့ကို ဝင်စီးပြီးထိုင်ဖို့ပေါ့။ မြ၀တီကို ဟထားပြီးတော့ဟိုးအရှေ့ဘက်ကနေ ဖြတ်တောက်မယ့် သဘောပေါ့။ ဒါပေမဲ့ ဘယ်လောက်ထိရမလဲဆိုတာကတော့ အဲဒီလိုချိန်ထားတာ ဖြစ်လာရင် ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(KNU/KNLA မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KNU/KNLA မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်ရေးကဏ္ဍ၌ ဟန်ချက်ညီဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

“ဒီမနက်သတင်းအရကတော့ သူတို့ရဲ့ ခလရ(၉၇)ရဲ့ စခန်းတစ်ခုကို ဝင်သိမ်းတယ်။ နောက်ပြီး စကစ ရုံးတွေဘာတွေကို ဝင်စီးတာပေါ့။ နေရာလေးခုမှာ”ဟု လည်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် စစ်ကူများ မလာနိုင်ရန်လည်း ဖြတ်တောက်ပိတ်ဆို့မှု လုပ်ဆောင်လျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ကရင်ဒေသတွင်သာမက စစ်ကိုင်း၊ မကွေး အပါအဝင် နေရာအနှံ့၌ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အခြား တိုင်းရင်းသားတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟုလည်း ပြောသည်။

ယနေ့ ကော့ကရိတ်တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ဘက်က တရားဝင် သတင်းထုတ်ပြန်မှု မတွေ့ရသေးပေ။

သို့ရာတွင် အောက်တိုဘာ ၂၄ရက်ကလည်း ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့ အရှေ့ခြမ်း ဆင်ကုန်ကျေးရွာအတွင်း အခြေချနေသည့် စစ်ကောင်စီတပ်၊ ကော့ကရိတ်မြို့ ရေကူးကန်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကော့ကရိတ်မြို့ တတန်ကူးရွာ၌လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို KNU လက်အောက်ခံ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၁၁ဦး သေဆုံးကာ ဒဏ်ရာရသူများ ရှိကြောင်း KNUက ထုတ်ပြန်ထားသည်။

ယနေ့ (အောက်တိုဘာ ၂၇ရက်)နံနက်အစောပိုင်းတွင် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များကို ကချင်၊ တအာင်း၊ ရခိုင်၊ ကိုးကန့် တပ်များပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် အထိနာလျက်ရှိပြီး တပ်စခန်းများ ဆုံးရှုံးရသည့်အပြင် ချင်းရွှေဟော် အပါအဝင် မြို့ပြနေရာအချို့ကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း