Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေနဲ့ NUGအစိုးရကို ခိုင်မာစွာဆက် လက်ထောက်ခံဖို့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာသံအမတ်ကြီးတိုက်တွန်း

သမိုင်းဟာအရေးကြီးပြီး အနာဂတ်မှာ သမိုင်းကအမှား၊အမှန်ကို ဆုံးဖြတ်ပေးမှာဖြစ်ကာ မိမိတို့အားလုံးဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ရပ်တည်နိုင်မယ်လို့ ရိုးသားစွာမျှော်လင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောပါတယ်။

ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ခိုင်မာစွာ ဆက်လက် ထောက်ခံကာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားမှုနဲ့အတူ ဆက်လက်ရပ်တည် သွားဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က တိုက်တွန်းလိုက်ပါတယ်။

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှုမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံတိုက်တွန်းခဲ့တာဖြစ်ပြီး စစ်အာဏာရှင်အုပ်ချုပ်မှုစနစ် ဖျက်သိမ်းရေးနဲ့ အားလုံးပါဝင်သော ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ခံမှု လိုအပ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

သမိုင်းဟာအရေးကြီးပြီး အနာဂတ်မှာ သမိုင်းကအမှား၊အမှန်ကို ဆုံးဖြတ်ပေးမှာဖြစ်ကာ မိမိတို့အားလုံးဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ရပ်တည်နိုင်မယ်လို့ ရိုးသားစွာမျှော်လင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ခိုင်မာတဲ့သက်သေအထောက်အထားမရှိဘဲ ဖေဖော်ဝါရီ ၁ ရက်က အရပ်သားအစိုးရကို အဓမ္မဖြုတ်ချကာ တရားမဝင်အာဏာသိမ်းခဲ့ပြီး လွန်ခဲ့တဲ့ (၈)လတာကာလအတွင်း စစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှု မျိုးစုံကျူးလွန်ကာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်နေတယ်လို့ သံအမတ်ကြီးက အစီရင်ခံပါတယ်။

Public Service Announcement

Public Service Announcement

မည်သည့်အခြေအနေမျိုးမှာဖြစ်စေ မြန်မာပြည်သူတွေဟာ စစ်တပ်ကို သူတို့ရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေကို နယ်စပ်ကတစ်ဆင့် ကူညီပေးမှုအပါအဝင် လူသားချင်းစာနထောက်ထားမှုအကူအညီများပေးအပ်ဖို့ မြန်မာသံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။