Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ် အောက်တိုဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၈၀ထက်မနည်းသေ၊ ၃၀ကျော်ဒဏ်ရာရဟု စစ်ရုံးချုပ် အသိပေး

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး‌နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း မြင်ကွင်းများအားတွ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း မြင်ကွင်းများအားတွ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း ပြီးခဲ့သည့်အောက်တိုဘာက တိုက်ပွဲ ၁၁ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၈၀ထက်မနည်းသေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး‌နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း မြင်ကွင်းများအားတွ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း မြင်ကွင်းများအားတွ့ရစဥ်။ ဓာတ်ပုံ – MOD/NUG)

“အောက်တိုဘာလထဲ ရေတာရှည်နယ်ထဲမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအနှစ်ချုပ်ပါ”ဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကြောင်းမှူးနှစ်ဦး အပါအဝင် စစ်ကောင်စီတပ်မှ ၈၀ထက်မနည်း သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦးကျဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ တိုက်ပွဲများအတွင်း RPG နှင့် (၆၀)မမ ဗုံးသီးများသိမ်းဆည်းရမိခဲ့သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်နှစ်လုံးပျက်စီးကာ ဒေသခံပြည်သူ ၅၀၀ကျော် စစ်ဘေးရှောင်ခဲ့ရသည်ဟု ရဲဘော်တင်ဦးက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး မစခင်ကတည်းက စစ်တောင်းမြစ်ဝှမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေး(၁၀၂၇)နဲ့လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်လာမှာပါ”ဟု ရဲဘော်တင်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။