Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ရှိ ကာစီနိုဆိုင် မိုင်းခွဲခံရ

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။

(ပြည်ကြီးတံခွန် မြို့နှင့် မန္တ​လေးမြို့ ကို Google Map တွင်​တွေ့ရမှု)
(ပြည်ကြီးတံခွန် မြို့နှင့် မန္တ​လေးမြို့ ကို Google Map တွင်​တွေ့ရမှု)

မန္တလေးတိုင်း၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကာစီနိုလောင်းကစားရုံအား မိုင်းခွဲခဲ့ကြောင်း Trayli Karli Attacking & Production အဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်း၊ ၁၃၃လမ်းနှင့် ၁၃၄ လမ်းကြားရှိ အေးမေတ္တာ ကာစီနိုလောင်းကစားရုံအား မိုင်း၂ လုံးဖောက်ခွဲခဲ့ကြောင်း Trayli Karli Attacking & Production အဖွဲ့က အသိပေးသည်။

“စက်မှုက ငါးဂိမ်း ကာစီနို ဂိမ်းဆိုင်ဗုံးခွဲခံရတာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။အခြားမန္တလေးမြို့ခံတစ်ဦးကလည်း “အဲဒီဆိုင်တွေကအခုဆိုလူမရှိတော့ဘူး။ တအားစားလို့(ကစားသူများ ​ငွေ​ကြေးဆုံးရှုံးမှုများခြင်း )။ အခုဆို​သူတို့ကလည်သွားပြီ။ ဟိုတယ်တွေမှာ ပြောင်းဖွင့်နေတယ်။”ဟု ပြောသည်။

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Trayli Karli Attacking & Production အဖွဲ့ထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းနှင့် မန္တ​လေးတိုင်းတွင် စစ်​ကောင်စီကို တိုက်ခိုက်​နေ​သောအဖွဲ့ဖြစ်သည်။ယခင်ကစစ်ဆင်​​ရေးအများစုကို စစ်ကိုင်းတိုင်းတွင်ပြုလုပ်ခဲ့သည်ကိုသတင်းထုတ်ပြန်ချက်များအရသိရသည်။

​ပေါက်ကွဲ​ကြောင့် ထိခိုက်ပျက်စီးမှု အ​ခြေအ​နေကိုမူမသိရ​သေး​ပေ။

အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများ နိုင်ငံရေးဘက်အာရုံမရောက်စေရန် ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများတွင် လောင်းကစားဝိုင်းများ၊ KTVနိုက်ကလပ်များ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ အနှိပ်ခန်းများအား လိုင်းကြေးယူကာ ပေါ်ပေါ်တင်တင်ခွင့်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေး - လားရှိုး ရထားလမ်းပိုင်းပေါ်က ကမ္ဘာကျော်ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှု ဒီကနေ့(ဩဂုတ် ၂၄ရက်)နံနက်က ဖြစ်ပွားခဲ့ပါတယ်။