Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်မြို့နယ်၌ ကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များတစ်ပတ်ကြာ သွားလာခြင်လုံး၀မပြုရန် PDF ထုတ်ပြန်

ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာသော အကျိုးဆက်များကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်းလည်း HPDFက ထုတ်ပြန်သည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF) အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်တော့မည်ဖြစ်၍ ကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ ယနေ့ (အောက်တိုဘာ ၉ရက်)မှစ၍ ၁၅ရက်နေ့အထိ တစ်ပတ်ကြာ သွားလာခြင်း လုံး၀မပြုလုပ်ရန် HPDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း၌ စစ်ရေးတင်းမာလျက်ရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များဖြင့် သွာလာလှုပ်ရှားနေခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

“အရပ်သားကားတွေကို အသွင်ယူပြီး သွားနေကြလို့ အဲဒါကြောင့်။ လတ်တလော စစ်ရေးအခြေအနေက အလယ်တောဘက်မှာ ဝင်ကြမ်းနေတယ်။ ဧရာ၀တီမြစ်အရှေ့ဘက် သစ်ဆုံးအင်း တောဘက်ကိုလည်း နင်းနေတယ်”ဟု ထီးချိုင့်ဒေသခံတစ်ဦးက စစ်ကောင်စီတပ်၏ ဒေသတွင်း စစ်ရေးလှုပ်ရှားမှု အခြေအနေကို ပြောပြသည်။

ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာသော အကျိုးဆက်များကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်းလည်း HPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။