Connect with us

Hi, what are you looking for?

သတင်း

‘၁၀၂၇စစ်ဆင်ရေး’ တစ်လပြည့်ပြီဖြစ်၍ ကြေညာချက်အတိုင်း တနိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးဆင်နွှဲပြီး ပန်းတိုင်ရောက်အောင် တိုက်ပွဲဝင်မည်ဟု MNDAA ပြော

အောက်တိုဘာ ၂၇ရက်တွင်စတင်သည့် ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့် သတင်းစကားပြောကြားပေးရန် မေးမြန်းရာ MNDAA ဘက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

(ကိုးကန့်တပ်(MNDAA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ကိုးကန့်တပ်(MNDAA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

ကိုးကန့်(MNDAA)၊တအာင်း(TNLA)နှင့် ရက္ခိုင်(AA) အပါအဝင် မဟာမိတ်တပ်များ ပူးပေါင်းဆောင်ရွက်နေသည့် ၁၀၂၇စစ်ဆင်ရေးမှာ ယနေ့ (နိုဝင်ဘာ ၂၇ရက်)တွင် တစ်လပြည့်ပြီဖြစ်ရာ ရှေ့ဆက်ပြီး တနိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးဆင်နွှဲသွားမည်ဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

အောက်တိုဘာ ၂၇ရက်တွင်စတင်သည့် ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့် သတင်းစကားပြောကြားပေးရန် မေးမြန်းရာ MNDAA ဘက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်လလည်းပြည့်ပြီ။အောင်မြင်မှုတွေလည်း တော်တော်များများရရှိခဲ့ပြီ။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဒီခရီးစဉ်က ဆက်လက်ချီတက်နေအုံးမှာ။ Nationwide (တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေး)လို့လည်း ထုတ်ပြန်ထားပြီဆိုတော့ ဒါကတော့ပန်းတိုင်ရောက်သည်အထိ ဆက်လက်သွားမှာပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ စစ်ဆင်ရေး တစ်လပြည့်နေ့ တိုက်ပွဲသတင်းများမရသေး၍ အသေးစိတ် အခြေအနေများမသိရသေးဟု ပြောသည်။

Public Service Announcement

Public Service Announcement

MNDAAသည်၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ တိုက်ပွဲဝင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၁၇၆ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့ပြင် တအာင်းတပ်မတော်(TNLA)ကလည်း စစ်ကောင်စီတပ်စခန်း ၄၇ ခုထက်မနည်းကိုသိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးတစ်လပြည့်အတွင်းရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၂၂၃ခုထက်မနည်းကို MNDAA၊ TNLA၊ AAနှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာနှင့် တင့်ကား ယာဉ် ၁၂စီး၊ဟောင်ဝင်ဇာအမြောက် ၄ခုထက်မနည်း၊ အတွဲလိုက်ဒုံးပစ်ယာဉ် ၂စီး၊ လေယာဉ်ပစ် စက်သေနတ်ကြီးများနှင့် လက်နက်ကြီးလက်နက်ငယ်များစွာ သိမ်းဆည်းရရှိခဲ့သည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့သော်လည်း အရေအတွက် ထုတ်ပြန်ခြင်းမရှိပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချအလင်းဝင်ခြင်း၊ အရှင်ဖမ်းဆီးခံရခြင်းများစွာရှိခဲ့ပြီး တပ်ရင်း၊ တပ်ဖွဲ့အလိုက် လက်နက်ချ အလင်းဝင်မှုများရှိသည်။

တိုက်ပွဲကာလအတွင်းကိုးကန်ဒေသ အပါအဝင် ရှမ်းမြောက်၌ ပြည်သူလူထု ထောင်ပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ကြရသည်။

တိုက်ပွဲ၌ အထိနာရှုံးနိမ့်သည့် စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးများ အလွန်အကျွံအသုံးပြု တိုက်ခိုက်ခြင်းအပြင် လူထုများရှိရာကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၆၀ကျော် သေဆုံးခဲ့ရပြီး ၁၀၀ကျော်ဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။ အဆိုပါစာရင်း၌ ပါဝင်ခြင်းမရှိဘဲ သေဆုံးထိခိုက်ခဲ့ရသည့် ဒေသခံ ပြည်သူများ၊ စစ်ရှောင်များလည်းရှိနေသည်။

စစ်ဆင်ရေး တစ်လတာအတွင်း ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ စသည့် မြို့များကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး ချင်းရွှေဟော်၊ ပန်ဆိုင်း၊ မုံးကိုးနှင့် ကျင်စန်းကျော့နယ်စပ်ဂိတ်များကို ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။