Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ရှိ ကက်သလစ်ဘာသာ ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်တပ် အဓမ္မဝင်ရောက်တပ်စွဲ

ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက တပ်စွဲရန်သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးဆရာတော်နှင့် ဌာနေဘုန်ကြီးများက သာသနာ့နယ်မြေ၏ အရေးပါပုံကို ရှင်းပြ၍ လွတ်ကင်းရန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုသည်။

(လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ ကက်သလစ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက အဓမ္မဝင်ရောက်တပ်စွဲကြောင်း လွိုင်ကော်ကက်သလစ်သာသနာက အသိပေးထုတ်ပြန်သည်။

ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက တပ်စွဲရန်သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးဆရာတော်နှင့် ဌာနေဘုန်ကြီးများက သာသနာ့နယ်မြေ၏ အရေးပါပုံကို ရှင်းပြ၍ လွတ်ကင်းရန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုသည်။

သို့သော် နိုဝင်ဘာ ၂၆ ရက် ညပိုင်းကစ၍ (၁၂၀) မမ အမြောက်များဖြင့် သင်အုပ်စင်တာအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး ခေါင်းမိုးကိုထိမှန်ကာ မျက်နှာကျက်ပျက်စီးခဲ့ကြောင်း အသိပေးသည်။

“ဘုရားကျောင်းထဲမှာ ဆရာတော်နဲ့ စစ်ရှောင်ပြည်သူ ၊နာမကျန်း ၊လမ်းမလျှောက်နိုင်တဲ့ ပြည်သူတွေအပါ ၄၀ဦး ကျော်ခန့်ရှိတယ်။ဆရာတော်ကော ပြည်သူတွေ၊ စစ်ရှောင်တွေကော ဘုရားကျောင်းထဲမှာ ဘယ်လိုမှနေလို့မဖြစ်တော့လို့ ထွက်ဖို့ပြင်နေကြတဲ့အချိန် မနေ့က(နိုဝင်ဘာ ၂၇ ရက်)စစ်တပ် ထပ်ရောက်လာပြီး ရိုင်းစိုင်းဆဲဆိုတာ ၊တံခါးတွေ ရိုက်ဖွင့်တာ ၊ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်”ဟု လွိုင်ကော်ကက်သလစ်သာသနာမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဘာသာရေးဆိုင်ရာ နယ်မြေဖြစ်သည့်အပြင် စစ်ကျင့်ဝတ်အရ ဘာသာရေးအဆောက်အဦးများကို တပ်စွဲမှုကို စစ်ကောင်စီအနေဖြင့် ချိုးဖောက်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“ဆရာတော်အပါအဝင် စစ်ရှောင်ပြည်သူတွေတော့ မနေ့က ညပိုင်းက ထွက်လာနိုင်ပါပြီ။ ဒါပေမယ့် စခ(စစ်ကောင်စီတပ်သား)တွေက တစ်ဦးချင်းစစ်ဆေးတာတွေလုပ်ခဲ့တယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ခရစ္စတူးဘုရင်ဗဟို ဘုရားကျောင်၌ စစ်ကောင်စီက အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားပြီး အချို့မှာ ဆရာတော်နှင့် ဘုန်ကြီးအဝတ်အစားများကို ဝတ်ဆင်ထားကြောင်းလည်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။