Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်အစပ် ချောင်နှစ်ခွတံတားဂိတ်နဲ့ ချောင်းနှစ်ရွာ ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၁၀ ရက်ကစတင်တိုက်ခိုက်ခဲ့တာပါ။

စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ
စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ရောမြို့နယ် ချောင်းနှစ်ခွရွာကို စစ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်း စစ်ကြောင်းကို KNU ပူးပေါင်းတပ်က တနင်္လာနေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း ချောင်းနှစ်ခွဲ ရဲစခန်းဆီ စစ်ကူထာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်တစ်ဦး ၊ BGF ဗိုလ်မှူး တို့အပါအဝင် ၁၁ ဦး ကျပြီး လေးဦး လက်နက်ချလာတယ်လို့ တိုက်ခိုက်မှုပါတဲ့ နဂါနီးစစ်ကြောင်းက ဖော်ပြပါတယ်။

တိုက်ပွဲဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအချိန်ထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့လည်း နဂါးနီစစ်ကြောင်းကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်အစပ် ချောင်နှစ်ခွတံတားဂိတ်နဲ့ ချောင်းနှစ်ရွာ ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၁၀ ရက်ကစတင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူစစ်ကြောင်းတွေ လွှတ်ပေးမယ့် KNU နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို မကြာခဏခံနေရတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။